💙 Part.2💙

776 84 4
                                    

မနက်မိုးလင်းလာတာနဲ့တစ်ကိုယ်ရေတစ်ကာယအလုပ်တွေလုပ်ပြီးတာယွီလန်လာခေါ်တာနဲ့တစ်ပြိုင်နက်ရိုက်ကွင်းသို့ထွက်လာခဲ့သည်။
မိုးဖွဲလေးများဖွဲဖွဲကျလာသည်ကိုကျယ်ဟန်သတိထားမိသည်။
ဒီနေ့ရိုက်မည့် senseအတွက် ဇာတ်ညွန်းဖတ်ရင်းစာအုပ်ကိုပိတ်လိုက်ကာ မိုးစက်များအားကြည့်ရင်းအချိန်ကာလတစ်ခုဆီကိုမှန်းဆတွေးတောနေမိသည်။မည်သည့်အကြောင်းကိုတွေးတောနေသည်ကားမိမိသာအသိဆုံးမဟုတ်ပါလား။
ထိုစဉ်ဘေးပတ်၀န်းကျင်မှအသံများကြောင့်ရိုက်ကွင်းရောက်သည်ကိုသတိပြုမိသည်။
ရောက်သည်နှင့်ပြင်ဆင်စရာရှိတာကိုပြင်ဆင်နေရင်းရဲ့ချင်းရောက်လာသည်။
ရဲ့ချင်းဆိုသည်မှာကျယ်ဟန်နှင့်ဇာတ်ကားတူတူရိုက်နေသည့်မင်းသမီးဖြစ်သည်။
"ကျယ်ဟန်ဒီနေ့ ညစာစားပွဲရှိတာလာမှာမလား တူတူသွားရအောင်လေ သွားမယ့်အဖော်လည်းမရှိတာနဲ့" ချိုသာသောမျက်နှာထားဖြင့်ဖော်ရွေစွာပြောလာသည်။
သို့သော်ကျယ်ဟန်သည်အရင်တည်းကမည်သည့်ညစာစားပွဲမှသိပ်မတက်သည့်သူဖြစ်သည်။အကြောင်းပြချက်မျိုးစုံဖြင့်ငြင်းကာ တစ်ယောက်တည်းအေးဆေးနေတတ်သည်။
ယခုမူမိန်းကလေးတစ်ယောက်ကိုယ်တိုင်ကလာပြောနေသ‌ဖြင့်အကျပ်ရိုက်နေသည်။
စိတ်ထဲတွင်"ငြင်းမိရင်လည်းငါရိုင်းရာကျဦးမယ် လာမယ်လို့တော့ပြောလိုက်မယ်လေ ပြီးမှပဲရှင်းတာပေါ့ ဟူး"
"ဪ...ညစာစားပွဲသေချာ‌ပေါက်သွားရမှာပေါ့အွန်းသွားမယ်လေ"။
"ညကျရင်ဒီနေရာမှာဆုံမယ်လေနော်"ရဲ့ချင်းတစ်ယောက်ပျော်ရွှင်သွားဟန်ဖြင့်ပြောကာစကားဆက်ရန်ပြင်လိုက်သည်။
ထိုအခါ"‌ရှောင်ကျယ်ဘယ်ရောက်နေတာလဲမင်းအပိုင်းရောက်ပြီ လာသွားမယ်"ယွီ‌လန်ရောက်မှထိုအနေကခက်သောအခြေအနေမှလွတ်မြောက်သွားတော့သည်။
ယခုအခန်းသည် fighting sceneဖြစ်သောကြောင့်Stunt Wire ဖြင့်ဆွဲကာရိုက်ရသောအခန်းဖြစ်သည်။အတွေ့အကြုံရှိသောရှောင်ကျယ်အတွက်မူ အသေးစားကိစ္စလေးပင်ဖြစ်သည်။သို့သော်သတိမထားမိလိုက်သည့်အချိန်လေးမှာပင်ဟာခနဲအသံများထွက်လာကာယောက်ယက်ခက်ကုန်သည်။ကျယ်ဟန်တစ်ယောက်အမြင့်တက်သည့်နေရာမှကြိုးရုတ်တရက်ပြတ်ကာ ‌ခြေထောင်ကျိုးသွားခြင်းဖြစ်သည်။ရှောင်ကျယ်အသံမထွက်သော်လည်းအလွန်အမင်းနာကျင်နေသည်။
"ဆေးရုံအမြန်ပို့ မြန်မြန်လုပ်..."။ ရိုက်ကွင်းတခုလုံးအုပ်အုပ်ကြပ်ကြပ်ဖြစ်သွားသည်။
ယွီလန်ရှောင်ကျဲကို‌ ခေါ်ရင်း ပေကျင်းဆေးရုံကိုရောက်လာသည်။
"‌ဒါ‌ကျန်းကျယ်ဟန်မဟုတ်လား"
"တကယ်ကြီးကျန်းကျယ်ဟန်ဟ"
"ချောလိုက်တာ"
ဘေးနားမှသူနာပြုများအသံကိုကြားနေရသည်။
ကျယ်ဟန်တစ်ယောက်အရိုးအကြောအရေးပေါ်ဌာနသို့ရောက်သွားသည်။သို့သော်အရိုးအ‌ေကြာဆရာ၀န်များအကုန်လုံး မတော်တ‌ဆမှု့ကြောင့်ရောက်လာသည့်လူနာများအတွက် operationအခန်းထဲရောက်နေကြသည်။ယွီလန်‌တစ်ယောက်ဒေါသဖြင့်
"ဟေးး ဆရာ၀န်တစ်ယောက်မှမရှိဘူးလား ကိုယ်တိုင်ဆေးထည့်ပြီးသွားရမှာလား ဘယ်လိုလဲ"
ကျယ်ဟန်သူ့လက်ကိုဆွဲလိုက်ရင်း "ယွီလန်ဖြစ်တာငါပါကွာမသေနိုင်သေးပါဘူး သူတို့တွေအကုန်အရေးပေါ်ခွဲခန်းထဲ၀င်နေကြလို့ပါ ပြီးရင်လာမှာပေါ့။"
ယွီလန်ကျွတ်တစ်ချက်ဆုတ်လိုက်ရင်းစိတ်ပျက်စွာဖြင့်ထိုင်လိုက်သည်။မကြာမီဆရာ၀န်အငယ်လေးတစ်ယောက်ရောက်လာသည်။ကြည့်ရသည်မှာဆေးကျောင်းမှလက်တွေ့ဆင်းသည့်အရွယ်ပင်။
"အာ...ဘာဖြစ်တာလဲမသိဘူးခင်ဗျ"ဘေးမှရပ်နေသည့်သူနာပြုအားထပ်မေးလိုက်ကာ" ဪ"တစ်လုံးသာပြောရင်းခြေထောက်ကိုကိုင်တော့မည်အပြုလက်များကတုနိနေသည်။
"အိုက်ယိုးဒီကဆရာ၀နိပေါက်စရယ်မလုပ်တတ်လည်းမလုပ်ပါနဲ့ မင်းလုပ်မှငါ့သူငယ်ချင်းဒုက္ခိတဖြစ်နေမယ်"
"ခင်ဗျားဘာပြောတာ ဘေးနားကရပ်ကြည့်ပြီးလာပြောမနေနဲ့"ဆရာ၀န်ပေါက်လည်းဒေါသထွက်သွားပုံရသည်။
ကျယ်ဟန်လည်း၀င်တားမည်အလုပ်ဘာမှမတတ်နိုင်တော့။ထိုစဉ်ခုတင်ခြေရင်းလိုက်ကာနောက်မှအရိပ်တစ်ခုနီးကပ်လာရင်းကျယ်ဟန်တို့အနားရောက်လာသည်။
ခွဲစိတ်ခန်း၀တ်စုံအပြည့်၀တ်ထားပြီးနှခေါင်းစည်းတပ်ထားသောလူတစ်ယောက်။အရပ်အ‌မောင်းကပင်ဘေးမှလူများမော့ကြည့်ရလောက်အောင်ရှည်သည်။ဖြူဖွေးသည့်အသားအရေသည်၀တ်ထားသည့် scrubs suitလက်တိုမှမြင်နေရသည်။မျက်နှာတွင်maskတပ်ထားသည့်အပြင်surgical capဆောင်းထားသည့်အတွက်မျက်ခုံးနှင့်မျက်လုံးသာတွေ့မြင်ရသည့်တိုင်ချောမောမှု့ကိုဖုံးကွယ်ထား၍မရ။ထိုသူသည်ရောင်လာသည်နှင့်ရန်ဖြစ်နေသူနှစ်ယောက်ပင်တိတ်ဆိတ်သွားသည်။ကျယ်ဟန်တစ်ယောက်လည်းထိုလူကိုကြောင်ကြည့်နေမိသည်။သို့သော်ထူးဆန်းစွာမိမိအားထိုလူမှ ၀င်လာတည်းကကြည့်နေခြင်း‌ပင်။ကော့ညွန့်နေသောမျက်တောင်များနှင့်အညိုရောင်သန်းနေသောမျက်လုံးအိမ်ဖြင့်ကြည့်နေသည့်အကြည့်များသည် တစ်စုံတစ်ရာကိုလွမ်းဆွတ်ကာစိုးရိမ်လေးနက်မှု့များဖြင့်ပြည့်၀နေသည်။ကျယ်ဟန်တစ်ယောက်သတိပြန်၀င်ကာအကြည့်များမှလွှဲလိုက်သည်။ထိုလူကြည့်နေလားလည်းမသိတော့။ထိုစဉ်သိပ်လည်းမဩသလိုသိပ်လည်းမတိုးလျသည့်အသံတစ်ခုထွက်လာသည်။
"ဘာဖြစ်သွားတာလဲ.."
"ဟုတ်ကဲ့ဒေါက်တာ ခြေထောက်ကျိုးသွားတာပါ သိပ်တော့မဆိုးဘူးလို့ထင်ရပါတယ် ဒါလူနာရဲ့အခြေအနေနဲ့နာမည်အပြည့်အစုံပါ။"
"Omm"ထိုတစ်လုံးသာပြောကာလက်အစုံကကျယ်ဟန့်ခြေထောက်သိုညှင်သာစွာထိကာပြောလာသည်။
"နာလား နာရင်ပြောနော်"ထို‌အပြောတို့သည် ခက်ထန်မှူ့များမရှိသလို ညှင်သာမှု့အပြည့်ပါသည်။
ကျယ်ဟန်အားကုသမှူ့သည်ခန‌‌လေးအတွင်းပြီးသွားသည်။ထို့နောက်
"အခု‌‌ေလာ‌ေလာဆယ်‌ေတော့ကျောက်ပတ်တီးစည်းထားရမယ်။ပြီးတော့အပြည့်အ၀အနားယူရမယ် ဘာမှမလှုပ်ရှားကဘူး ပြီးတော့....."ခဏမျှရပ်သွားရင်း"မသက်သာခြင်းကျွန်တော့်ဆီလာပြရမယ်။"
ကျယ်ဟန်ကြောင်သွားရင်း စိတ်ထဲတွင်"အမ်...ငါ့လောက်ပျင်းတာငါပဲရှိဝာာဆေးရုံဆိုတာအရင်ထဲကရန်သူလိုပဲ အဲ့တာကိုခဏခဏလာခိုင်းနေတယ်ဘယ်လိုလဲ တခါဆိုမရဘူးလား"
"ဟို ဒေါက်တာခင်ဗျ ကျွန်တော်မလာတော့လို့မရဘူးလားပတ်တီးဖြေမှလာတော့မယ်လေ အမြဲတမ်းကျတော့...."
ကျယ်ဟန်ဘက်သို့ဆေးများထည့်နေရင်းလှည့်လာကာ
"ရပါတယ် လာလို့မရရင်လိပ်စာအပြည့်အစုံဆေးမှတ်တမ်းမှာရှိတာပဲ ကျွန်တော်လာခဲ့မယ်ကိုယ့်ရြဲလူနာပဲဟာဟမ်..."
"......."ကျယ်ဟန်ပါးစပ်ပင်မဟနိုင်တော့။
ထိာအခါယွီလန်မှ၀င်၍ "ရှောင်ကျယ်မင်းခေါင်းမာမနေနဲ့ ဒေါက်တာကလိုနေလို့ပြောတာလေငါကိုယ်တိုင်မင်းကိုလာပို့မှာ ဟိုလိုဒီလိုလုပ်မနေနဲ့"
မိမိရဲ့သူငယ်ချင်းကပိုဆိုးနေသည်ကိုရှောင်ကျယ်သိသွားသည်။
Maskအောက်တွင်ဘယ်လိုမျက်နှာပေါ်နေမလဲမသိပေမယ့်လခြမ်းပုံစံမျက်လုံးများဖြင့်‌ကျယ်ဟန်ကိုကြည့်နေသည်။
မတတ်နိုင်တော့သည့်အဆုံး"ဟုတ်ပြီလေကျွန်တော်လာပါ့မယ်"
ထိုအချိန်ဟက်ခနဲရယ်သံကြားလိုက်ရသည်။
"ဘာလဲဟဒီဆရာ၀န်က" စိတ်ထဲတွင်တွေးလိုက်ရင်း။
ထို့နောက်သူနာပြုမလေးတစ်ယောက်ရောက်လာကာ"ဒေါက်တာကုန်းကျွင်းကိုဆေးရုံအုပ်ကြီးကတွေ့ချင်လို့ပါတဲ့"
"Omm.လာခဲ့ပါမယ်"
ကျယ်ဟန်တစ်ယောက်စိတ်ထဲတွင်"အားးးဒီလူသွားလေကောင်‌းလေပဲစိတ်ပျက်ဖို့ကောင်းတာလက်ပေါက်ကပ်တာတစ်ခါမှမတွေ့ဖူးဘူးဒါနဲ့ နာမည်ကကုန်းကျွင်းတဲ့လား"
ထိုစဉ်ကုန်းကျွင်းတစ်ယောက်maskချွတ်ကာသွားတော့မည်အလုပ် နောင်ပြန်လှည့်ကာ"မနက်ဖြန်မမေ့ပါစေနဲနော်"ပြုံးပြရင်းပြောလာသည်။ယခုတွင်မှမျက်နှာကိုသေချာမြင်ရခြင်းဖြစ်သည်။ဖြောင့်တန်းနေသောနှာတံ ပန်းနုရောင်သန်းနေသောနှုတ်ခမ်းတို့ဖြင့်အပြစ်ပြောစရာမရှိအောင်ချောလှသည်။ကျယ်ဟန်မျက်နှာနားသို့အနားကပ်ကာပြောလာခြင်းကြောင့်အစိတ်အပိုင်းတခုဆီကိုသေချာမြင်ရသည်။
"ရုပ်လေးချောပြီးပညာကလည်းတတ်နေရက်သားနဲ့ မျက်နှာပြောင်တာကတော့ဒီလူသေချာတယ်play boy ပဲ"ကျယ်ဟန်တစ်ယောက်စိတ်ထဲတွင်တွေးလိုက်ရင်း။
ကုန်းကျွင်းမှာမူမထိတထိပြုံးပြရင်း ဆရာ၀န်အငယ်လေးကိုခေါ်ကာထွက်သွားသည်။
ကျယ်ဟန်လည်းဆေးရုံတွင်အကြာကြီးမနေချင်သည်မို့အမြန်ထွက်လာခဲ့သည်။
ယွီလန်တစ်ယောက်ကျယ်ဟန်ကိုတွဲခေါ်ရင်းဖြင့်ကားရှိရာသို့လာခဲ့သည်။ကျယ်ဟန်ကမူထ်ုမျက်နှာပြောင်နှင့်ဆရာ၀န်ကိုထပ်တွေ့ရမည်ဟူသောအတွေးဖြင့်စိတ်ပျက်စွာဖြစ်နေမိသည်။
ထိုစဉ်ခေါင်းမိုးထပ်မှ မိမိကိုကြည့်နေသည့် မျက်၀န်းတစ်စုံရှိနေခဲ့သည်ကိုတော့သတိမပြုမိခဲ့။ထိုလူ၏နှုတ်ခမ်းမှအပြုံးတခုကမူပျော်ရွှင်မှု့အပြည့်ဖြင့်ပြုံးကာ "ကျွန်တော်တနေ့အကို့(ကော)ဆီပြန်လာခဲ့မယ်လို့ပြောခဲ့တယ်မလားအခုတော့ကျွန်တော်ပြန်လာပြီလေ ဒါပေမဲ့အကို(ကော)ကတော့မမှတ်မိပေမယ့်"

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now