💙Part.15💙

439 59 6
                                    

(Unicode)

ခြေထောက်က အရင်ကထက်အများကြီးသက်သာလာတာမို့ ကျယ်ဟန် ကြိုးစားထရင်းရေချိူးခန်းဆီသွားလိုက်တယ်။ထိုစဉ် တဒီဒီမြည်လာသောဖုန်းအားကြည့်လိုကိရာ အိမ်ရှေ့အိမ်မှထိုလူ။ ကျယ်ဟန်အတွက်ကတော့မထူးဆန်းတော့ သူအိမ်မှာရှိနေတဲ့အချိန်ဆို လာချင်တဲ့အချိန်လာပြီး၊ အပြင်ရောက်နေတဲ့အချိန်ပင်ဖုန်းဆက်ခြင်းကနေမလွတ်နိုင်။

"ကော ကျွန်တော်၀င်ခဲ့မယ်နော်။တံခါး ဖွင့်ထားတယ်မလား။"

တခုခုဖြစ်ရင် ၀င်လာရအောင်တံခါးကိုမပိတ်ခိုင်းသည်မှာလည်းထိုလူ့အကြံပင်။
ကျယ်ဟန်ကတော့စိတ်ထဲမှာရေရွတ်လိုက်ရင်း
["ငါမ‌၀င်ခိုင်းတော့ရော မင်းက၀င်လာမှာပဲမဟုတ်ဘူးလားကျွင်းကျွင်း။"]
သေချာသည်မှာ ကျယ်ဟန် အရင်ကလောက်ကုန်းကျွင်းနဲ့မစိမ်းတော့ဘဲ ရင်းရင်းနှီးနှီးရှိလာသည်။

ကုန်းကျွင်း အိမ်ထဲကို၀င်လာတာနဲ့ ထူးထူးဆန်း‌ဆန်းမျက်စိရှေ့ကတစ်စုံတစ်ရာကိုတွေ့သွားသည့်အလား ထိုနေရာကိုစိုက်ကြည့်နေခဲ့ပြီးမှ အကြည့်ကိုမြန်မြန်လွှဲလိုက်ရင်း

"ကော ရေချိုးမလို့လား။ကျွန်တော်ပြောတာရေမချိုးပါနဲ့ဦးလို့ပြောထားတယ်လေ။"

ထိုအခါမှကျယ်ဟန်သတိရလိုက်တာက အကျိမ၀တ်ထားခဲ့ဘဲ လှစ်ဟနေသည့် ခန္ဓာကိုယ်အပေါ်ပိုင်းကို သတိရလိုက်မိသည်။ ချက်ချင်းဆိုသလို မိမိကိုယ်ကိုခြေထောက်ကျိုးသည့် လူဆိုတာကိုပင်မေ့ပြီးရေချိုးခန်းထဲသို့ပြေး၀င်သွားလိုက်သည်။

"ကော ခြေထောက်ကသက်သာသေးတာမဟုတ်ဘူးလေ ဘာလို့ဒီလောက်မြန်မြန်ပြေး၀င်သွားရတာလဲဗျာ ဘာမှမဟုတ်တဲ့လူလိုပဲ။တခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ။"

ရေချိုးခန်း တံခါးတစ်ချပ်သာခြားနေသည့်နေရာတွင် ကုန်းကျွင်း၏အသံကနီးကပ်စွာကြားနေရသည်။အခန့်မသင့်ပါက အခန်းထဲသို့ရောက်တော့မည့်လူကဲ့သို့ပင်။

"မင်း ဘယ်လိုလုပ်ဒီနားရောက်လာတာလဲ။တခြားနေရာမှာသွားနေပေးလို့ရမလား ငါတောင်းဆိုပါတယ်။"

"ဟင့်အင်း  မသွားပါဘူး ကျွန်တော်ဒီနားမှာပဲရပ်နေမှာ တခုခုဖြစ်ပြီးလဲကျရင်ဘယ်လိုလုပ်မလဲ။"

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now