💙Part.13💙

493 69 9
                                    

(Unicode)

အရာရာတိုင်းက အချိန်ခဏလောက်ကြာတာနဲ့မေ့သွားလိမ့်မယ်လို့ထင်ခဲ့မိတယ်။ကျယ်ဟန်ထိုလူ့ကိုမေ့ပြီး ပုံမှန်အတိုင်းပဲဖြတ်သန်းနိုင်လိမ့်မယ်လို့ထင်ခဲ့မိပါတယ်။ဒါပေမဲ့စိတ်ကူး နဲ့ လက်တွေ့ကတော့တစ်ထပ်တည်းမကျခဲ့။ထိုနေ့ကနောက်ဆုံးမြင်ခဲ့ရတဲ့ သူ့ရဲ့မျက်၀န်းက မျက်ရည်စတွေကိုလည်းမေ့မရခဲ့။

"ရှောင်ကျယ် မနက်ဖြန်မင်း ဘယ်သွားမလဲ။"

တခါမှထိုသို့ မမေးဖူးသောယွီလန်ကအိမ်ထိရောက်လာပြီးမေးနေသည်။

"ယွီလန် မင်းဘာဖြစ်နေတာလဲ။နေကောင်းရဲ့လား။"

ယွီလန်ခေါင်းတခါခါ ပြုံးချင်နေသလိုလိုပုံစံဖြင့် ဖြေလာသည်။

"မ..မဟုတ်ပါဘူး။ အခုတလော စိတ်ဖိစီးမှူ့တွေများနေမလားလို့။ရှားရှားပါးပါးအားတဲ့ရက်ကလေးများဘယ်သွားချင်မလဲလို့။"

ကျယ်ဟန်တစ်ယောက် ယွီလန်ကိုစူးစမ်းတဲ့အကြည်နဲ့ကြည့်လိုက်ကာ

"ကျောက်ယွီလန် မင်းကတယ်ပဲဘာမှမရှိဘူး။"

ကျယ်ဟန်သိသည်က ယွီလန်ဒီနေ့ပုံမှန် မဟုတ်နေသည်ကိုတော့သိနေသည်။

"ဟမ်....ငါ့ကိုမကြည့်ပါနဲ့အဲ့လို ငါကရိုးရိုးသားသားနဲ့မေးတာကို။"
("အ‌မလေး အမေရေ သူ့ကိုလိမ်ရတာလည်း ခေါင်းပေါ်မိုးကြိုးပစ်မှာကြောက်နေရသလို။)

"ငါဘယ်မှမသွားဘူး အိမ်မှာပဲနေမှာ။"
တိုတိုတောင်းတောငိးတောင်းပြတ်သားစွာပြောလိုက်သောကျယ်ဟန်ကြောင့် ယွီလန်အလန့်တကြားထလာကာ

"မရဘူးနော်....!"

"ဘာဖြစ်တာလဲမင်းက "
ကျယ်ဟန် ရုတ်တရက်ထအော်လိုက်သော ယွီလန်အသံကြောင်း အနည်းငယ်ပင်ပျာယာခတ်သွားရသည်။

"အိုက်ယား.....ငါဘယ်လိုပြောရမှာလဲဒါကို။"

"မပြောချင်လည်းမပြောနဲ့တော့ ရေသွားချိုးတော့မယ်။"

ကျယ်ဟန် ရေချိူးရေချိုးခန်းသို့အသွား ယွီလန်စကားကြောင့်ခြေလှမ်းတို့သည် ရပ်ဆိုင်းသွားရသည်။

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now