💙Part.17💙

542 62 16
                                    

(Unicode)

မျက်လုံးများကိုဖွင့်လိုက်တာနဲ့ ‌မျက်နှာတည့်တည့်ရှိမျက်နှာကြက်က စက်ဝိုင်းလိုလည်ပတ်နေသည်။ကျယ်ဟန် ခေါင်းထဲမှလည်းထိုးကိုက်နေပြီး ရင်ထဲတွင်လည်းနေလို့လုံး၀မကောင်း။မျက်ခွံ့တို့သည်လေးလံကာ ‌ဝေဝါးနေသောမျက်လုံးအစုံတို့ကို ကြိုးစားဖွင့်လိုက်ရင်း မိမိဘေးပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်လိုက်သည်။ ထိုစဉ် အခန်းထဲရှိမလှမ်းမကမ်း ထိုင်ခုံတွင် မျက်လုံးတို့မှိတ်ထားလျက် ‌မှီကာထိုင်နေသည့်ကုန်းကျွင်း။ကျယ်ဟန် ညကအဖြစ်အပျက်ကိုဘာမှပြန်လည်စဉ်းစားကြည့်ရာ အတွေးများထွေပြားပြီးဘာမှမမှတ်မိတော့။သေချာသည်က မိမိမျက်နှာပူစရာများလုပ်ခဲ့မိလိမ့်မည်ဟု ကျယ်ဟန်တထစ်ချယုံကြည်နေသည်။

ထိုစဉ် ကုန်းကျွင်း မျက်လုံးတို့ဖွင့်လာသည်ကို ကျယ်ဟန်မြင်လိုက်သည်နှင့် စောင်ပြန်အုပ်ခြုံလိုက်ပြီးတစ်ဖက်ကိုလှည့်နေလိုက်သည်။
["ငါတော့‌သွားပါပြီ ငါ့မူးနေခဲ့တဲ့ပုံစံကိုပြန်တွေးပြီးမျက်နှာပူလွန်းလို့။အိပ်‌ချင်ယောင်ဆောင်နေလိုက်ရမလား။သူထလာပြီလား။မသိဘူးငါသူမသွားမချင်းအိပ်နေတော့မယ်။"]

ကျယ်ဟန် ကုန်းကျွင်းထိုင်နေသည့်ဘက်ကိုကျောပေးထားလျက်စောင်ခေါင်းမှီး‌ခြုံထားလိုက်သည်။
["ဒီလောက်ဆိုသူငါနိုးနေတာကိုသတိမထားမိလောက်ပါဘူး။"]

ထိုစဉ် မိမိနားသို့လျှောက်လာသော ခြေလှမ်းတို့ကိုမူ ကျယ်ဟန်သတိမထားမိ။ထို့နောက် မတိုးမကျယ်လေသံဖြင့်မေးလာသည်။

"ကော နိုးလာပြီမလား။"

ကျယ်ဟန် ထိုအသံကြားလိုက်သည်နှင့် တစ်ကိုယ်လုံးတုန်လှုပ်သွားရသည်။ထိုအခြေအနေမှ ဆက်လက်ဟန်ဆောင်ကာနေ၍လည်းမရတော့သည်မို့ ကျယ်ဟန် အိပ်နေရာမှ လေးလံနေသော ခန္ဓာကိုယ်တစ်ခုလုံးကိုသယ်လျက် လေးပင်စွာထလာခဲ့သည်။

"နေလို့မကောင်းဘူးမလား။ကျွန်တော်ကောမနိုး‌လာသေးလို့စောင့်နေတာ။‌ေကာခေါင်းမူးနေတယိမလား ဆေးလေးသောက်လိုက် ကျွန်တော်ယူထားတယ်ဒီမှာ ရေနဲ့။ပြီးရင် ရေနွေးနွေးနဲ့ရေချိူးဖို့လုပ်ထားတာမလို့ရေချိုးပြီးရင် မနက်စာစားဖို့လုပ်ထားတယ် ရေကိုမြန်မြန်ချိုးနော်ကော ဖျားလိမ့်မယ် ရာသီဉတုအေးနေတယ်။"

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now