💙Part.10💙

515 70 17
                                    

(Unicode)

ထိုညက ကုန်းကျွင်း ကိုအခန်းထဲ၌အိပ်ခိုင်းထားသည်မို့ အပြင်ဘက် ဧည့်ခန်းဆိုဖာပေါ်၌သာအိပ်ခဲ့သည်။ညကလည်းတညလုံး ကုန်းကျွင်းအားရောဘက်၀တ် တိုက်ပေးနေခဲ့သည်မို့တညလုံးအိပ်မရဘဲ မိုးလင်းခါနီးမှအိပိပျော်ခဲ့သည်။

ထိုစဉ် ကုန်းကျွင်းနိုးလာပြီး ဘေးပတ်၀န်းကျင်ကိုကြည့်လိုက်သည်နှင့် မိမိနေရာမဟုတ်မှန်းသိသော်လည်း အံ့ဩဟန်မပေါ်။မပီတပြင်ပြုံးလိုက်ကာ အခန်းထဲသို့ ခဏမျှလှည့်ကြည့်ရင်းအပြင်သို့ထွက်လာခဲ့သည်။

အခန်းအပြင်ထွက်လာသည်နှင့် ဆိုဖာခုံပေါ်တွင် ကိုယ်လုံးအားကွေးကျုံ့လျက် အိပ်နေသည့်ကျယ်ဟန်ကိုတွေ့လိုက်ရသည်။အာရုံဦးအချိန်သာရှိသေးသည်မို့အအေးဓာတ်ကရှိနေဆဲ။ကုန်းကျွင်း လမ်းဖွဖွလျှောက်ရင်းကျယ်ဟန် နံဘေးသို့သွားလိုက်ကာ အိပ်ပျော်နေသူ၏မျက်နှာအား ခဏမျှငေးကြည့်နေမိခဲ့သည်။ထို့နောက် မျက်နှာအားအနီးကပ်မဟုတ်‌ေသာ်လည်း အ‌ကွာ‌အ‌ဝေးတစ်ခုနားထိ တိုးသွား‌ေသာ‌ေကြာင့် ကျယ်ဟန်၏ ၀င်လေထွက်လေ အငွေ့အသက်လေးအားခံစား‌နေမိနေသည်။ပြီးနောက်မှ ဘေးနားရှိ ခန္ဓာကိုယ်နှင့်ကွာနေသည် စောင်အားမနိုးအောင်ဖွဖွခြုံပေးလိုက်သည်။ထိုစဉ်ကျယ်ဟန် ခေါင်းသည်ခုံအစွန်းနားထိရောက်ကာ အောက်သို့ကျတော့မည့်အနေအထား၌ ကုန်းကျွင်းလက်ဖြင့်လျင်မြန်စွာထိန်းထားလိုက်သည်။မကြာမီ ကျယ်ဟန်နိုးလာကာ မိမိခေါင်းလက်ပေါ်တွင်ရောက်နေသည်အားသတိထားမိလိုက်သည်နှင့်ချက်ချင်းရုတ်တရက်ဆိုသလိုလာတော့သည်။

"အမ် ကျွင်းကျွင်း မင်းနိုးနေပြီလား။ ဘယ်တုန်းထဲကဒီနားမှာထိုင်နေတာလဲ။"

"ဪ ကျွန်တော် အခုမှထိုင်လိုက်တာပါ။"
ကုန်းကျွင်း ကျယ်ဟန်စကားအတိုင်းပင်တသွေမသိမ်းစာသားပြန်ကောက်လိုက်ခါပြောလိုက်သည်။အမှန်တရားက်ုတော့မိမိပင်အသိဆုံး။

မိမိတို့နှစ်ယောက်ကြားတွင်ပြောစရာစကားမရှိတော့ဘဲတိတ်ဆိတ်သွားသည့်အချိန်တိုင်းသည် ကျယ်ဟန် မနေတတ်ဆုံးအချိနိများပင်။ထိုအခတခုမဟုတ်တခု စကားကိုဖန်တီးပြောရသည်မှာအကျင့်ပင်ဖြစ်နေသည်။ချောင်းတစ်ချက်ဟန့်လိုက်ရင်း

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now