Mr. Gienus Musician Min Suga & His Supportive Boyfriend

582 66 4
                                    

ဟူဒီပွပွအနက်ရောင်အောက်မှာ နဂိုသေးကွေးတဲ့ Jimin ကိုယ်လေးက မြုပ်နေပြီ။ ပိုပြီးလုံခြုံအောင် ခေါင်းစွပ်ကို လုံအောင်စွပ်လိုက်တယ်။ ဒီလူအုပ်ကြီးထဲမှာ Hyung သူ့ကိုမြင်ဖို့ဟာ 1% တောင် ရှိပါ့မလား။ အရင်ကထက်ပိုပြီး ကြည့်ကောင်းလာတယ်။ အရင်ကထက်ပိုပြီး စမတ်ကျတယ်။ အရင်ကထက်ပိုပြီးလည်း ပေါင်းသင်းဆက်ဆံရေး ကောင်းလာတယ်။

SUGA

အားလုံးရဲ့ အချစ်တော်။
လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေနဲ့ တကယ်ကို တောက်ပလွန်းတဲ့ ကြယ်လေး Hyung။ လူချင်း မိုင်တွေ ထောင်ချီ ဝေးသွားပေမယ့် တောင်ကိုရီးယားရဲ့ ဘယ်နေရာမှာမဆို Hyung ကို တွေ့နိုင်တယ်။ Bus ကားဂိတ်မှာ၊ LED ကြော်ငြာ ဆိုင်းဘုတ်တွေမှာ။ ရေဒီယို အစီအစဉ်မှာ။ ကော်ဖီဆိုင်ထဲက ပျံ့လွင့်လာမယ့် သီချင်းထဲမှာ။ နောက်ဆုံး ဒီလိုနေရာမှာ တိတ်တိတ်ကလေး လာငေးနေနိုင်သေးတာပဲပေါ့။ ပြီးတော့ ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး ပြန်သွားရဦးမယ်။

"Jimin Ah"

"ဘာလဲ"

"လုပ်လာပြန်ပြီ တစ်လစာလောက်ရှိတဲ့ လက်မှတ်တွေဝယ်ပြီး Yoongi Hyung ဆီ သွားခဲ့ပြန်ပြီမလား"

"အင်း။ ငါ Hyung ကို တွေ့ချင်လို့
အလုပ်က နောက်တစ်ခု ပိုလုပ်လိုက်ရင် ရပြီပဲ မလား"

"အဲ့တာကြောင့် သေးကွေးနေတာ။
တကယ်ဆို Yoongi Hyung ကို မင်း တစ်ခုခု သွားပြောရမှာ"

"နေပါစေ။ သူ အဆင်ပြေနေပြီပဲ"

အမြဲတမ်း အတူရှိနေတဲ့ ထယ်ယောင်းက နှစ်သိမ့်တယ်။ ကျနော် Hyung ကို လွမ်းရင် ဘာလုပ်ရမလဲ။

အရင်လိုပဲ အခန်းလေးက မှောင်တယ်။ Hyung နဲ့တုန်းကလို ရယ်သံတွေ မရှိတော့ ပိုခြောက်ကပ်တာပေါ့။ ထယ်ယောင်းနဲ့ ဂျောင်ကုက အရင်လိုပဲ ကျနော်တို့ ဘေးအခန်းမှာ။ ဧည့်ခန်း တစ်ခုတည်း၊ ထမင်းစားခန်းတစ်ခုတည်းလေ။ မိသားစုဝင်ထဲက Hyung ပဲ့ထွက်သွားတာက လွဲရင်။
အများကြီး ပြောင်းသွားတာ ဘာမှ မရှိပါဘူး။
သူ့အလုပ်နဲ့သူမို့ TV အစီအစဉ်တွေကို သတိမထားမိကြပုံပါပဲ။ TV အစီအစဉ်မှာ Hyung အင်တာဗျူး လာနေတယ်။ Hyung နဲ့လွတ်တဲ့ ပရိုဂရမ်ဟာ ရှိသေးရဲ့လား။

I become your flower (one shot collection & Short Stories)(unicode+zawgyi)Where stories live. Discover now