My Cutie Wizard Park (Holloween Gift)

313 42 8
                                    

IT’S HALLOWEEN

It's Halloween! It's Halloween!
The moon is full and bright
And we shall see what can't be seen
on any other night:

Skeletons and ghosts and ghouls,
Grinning goblins fighting duels,
Werewolves rising from their tombs,
Witches on their magic brooms.

 
_

Anonymous

"ဒူ....ဒူ...ဒူ..."

အသံ allergic ရှိတဲ့ သူ့အတွက် silent လုပ်ထားတာတောင် vibration အသံက အလွန် ဆူညံလွန်းလှသည်။
မဖွင့်ချင် ဖွင့်ချင်နဲ့ ဖုန်းကိုဆွဲယူမိတော့ ဘာကောင်မှန်းမသိသည့် သူ့ညီ Jeon JungKook။

"Shit
အိပ်နေတယ်လေ ဘာလုပ်မလို့လဲ"

"ဒီနေ့ Holloween လေ
ဘာလို့ အိပ်နေလဲ"

"မင်းမေ Holloween ပါလား"

"ကျနော့်အမေက Hyung အဒေါ်လေ
Holloween party လိုက်ခဲ့ပေးဦး"

"မလိုက်ချင်ဘူး။ ငါ မင်းလို ပွဲကြိုက်ခင် မဟုတ်ဘူး"

ကိုယ့်အတန်းသားတွေချည်းရှိတဲ့ ပါတီတောင် တစ်ခါမှ မတက်ဖူးတာ။ ပထမနှစ် ငမြောက်ချောက်ချက် ငချွတ်လေးတွေပဲ လုပ်တဲ့ပါတီကို သူက တက်ရဦးမည်တဲ့လား။

"Hyung မလိုက်ရင် ကျနော့်ကို ဘယ်သူလိုက်ပို့မလဲ
လိုက်ပို့ရုံလေး၊ လိုက်ပို့ရုံလေးပဲလေ"

ခန္ဓာကိုယ်ကြီးမှ အားမနာ မျက်လုံး ပုတ်ခတ်၊ ပုတ်ခတ်နဲ့ နှုတ်ခမ်းစူပြီး ချွဲနေပြန်သေးသည်။
ဒီ သကောင့်သားဟာ ပြောမနိုင် ဆိုမနိုင်လေး။
အမျိုးထဲမှာ သူနဲ့ကျနော်သာ သွေးရင်း အသက်မကွာတာမို့ လွန်ဆန်ဖို့ ခက်ခဲလှပါသည်။
လိုင်စင်မရှိ ဘာမရှိတဲ့ကောင်အတွက် သူ ဒရိုင်ဘာ လုပ်ပေးရဦးမည်။

မင်ယွန်းဂီဟာ အစဉ်အလာထဲမှာ ပိတ်မိနေတဲ့ ရေခဲတုံးလေး။
ဒါမှမဟုတ် ငပျင်းလေးလို့ ပြောရင် ပိုမှန်မလား။
Holloween Party တွေကို ဒီအရွယ်အထိ တစ်ခါမှ မဆင်နွှဲဖူးပါ။
ဘာသာတရားနဲ့ ပတ်သက်ပြီး အရမ်း အကဲဆတ်သူ မဟုတ်ပေမယ့် ပွဲလန်းသဘင် phobia ရှိတဲ့ သူ့အတွက် Holloween ဟာ ယုံကြည်သူတွေနဲ့ မသက်ဆိုင်တဲ့ပွဲလို့ ငယ်ငယ်ကတည်းက လက်ခံခဲ့တာပဲလေ။

အာမင်။

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

ကားအနောက်မှာ လိုက်လာတဲ့ ဆူညံညံ ကောင်တွေကြောင့် အတော်လေးပင် စိတ်ရှုပ်ထွေး ရပါသည်။ နဂို ကြည့်ကောင်းတဲ့ ရုပ်ခံတွေပျောက်ကာ ကြောက်စရာကောင်းတဲ့ အပြင်အဆင်တွေ၊ တောက်တောက်ပပ ရုပ်ဆိုးဆိုး ဝတ်စုံတွေနဲ့။
ဘယ်လိုများ ဒီကောင်တွေ ပျော်ရွှင်တတ်သလဲ မပြောတတ်ပါ။

I become your flower (one shot collection & Short Stories)(unicode+zawgyi)Where stories live. Discover now