Mr.Cowboy in my heart

206 23 2
                                    

ရထားသည် ငြိမ့်ငြိမ့်ညက်ညက် မောင်းနှင်လျှက်ရှိသည်။ တစ်ချက် တစ်ချက် ထွက်ပေါ်လာသော ဥဩဆွဲသံများ သူ့နားကို အနှောက်အယှက်ပေးနေသည်။

အမေရိကန်နိုင်ငံ ပြည်နယ်တစ်ခု၏ ရွာကလေး။
စိတ်က လေးလံလိုက်၊ မြန်ဆန်လိုက်။
စိတ်လှုပ်ရှားနေသည်ဟု ပြောလျှင် မှန်မည်။

အမှန်စစ်စစ် ဒီခရီးက သူ့အတွက် စိမ်းသက်လှတာမဟုတ်။ ငယ်ဘဝ၏ ကျောင်းပိတ်ရက်ရှည်တိုင်း ရောက်လာနေကျ နေရာဟောင်းပင်။ သူ မရောက်ဖြစ်ခဲ့တာ လေးခုမြောက် နွေရာသီ ရှိပြီ။

အခု သူ လူကြီးဖြစ်ပြီလားဟု တွေးလိုက်တော့ ထူထဲသော နှုတ်ခမ်းလွှာက မသိလိုက်မိဘဲ ပြုံးမိသွားပြန်သည်။
သူ့အသက် ၁၉ နှစ်ပင် ပြည့်ခဲ့ပြီး မဟုတ်လား။
လယ်ကွင်းများ၊ တောင်တန်းများ၊ ယာခင်းများမှ လတ်ဆတ်သော လေသည် စိတ်နောက်ကျိမှုကို အနည်းငယ် သက်သာစေပြန်သည်။

ဘေးဘီဝဲယာတွင် ကုန်းနှီးတင်ထားသော မြင်းများ၊ က‌စားနေသော ကလေးများ၊ အပွင့်အခက် ဂါဝန်ရှည်နှင့် ခေါင်းတွင် bandana ဆောင်းထားသည့် သက်လတ်ပိုင်း အမျိုးသမီးများသည် ယာလုပ်ငန်းကို လုပ်ကိုင်နေကြသည်။ နေလောင်ဒဏ်ကြောင့် ဖြစ်မည်ထင်သည်။ သူတို့၏ မျက်နှာပြင်၌ မှဲ့အနက်အပြောက်အစက်များကို တွေ့ရသေးသည်။ အသားအရေက နီစပ်စပ်။

ကောင်းဘွိုင် ဖက်ရှင်နှင့် အမျိုးသမီး၊ အမျိုးသားများအား တွေ့ရသေးသည်။

ရထားဆိုက်သည်နှင့် သူ့မျက်လုံးများကို ဝေ့ဝဲရှာလိုက်သည်။ ဘိုးဘိုးသည် သူ့အား ကြိုဆိုရန် တစ်ယောက်ယောက်ကို လွှတ်ထားမည်သာ ဖြစ်သည် မဟုတ်လား။

"ပတ်ဂျီမင်း မဟုတ်လား"

ထိုနာမည်ကို အခေါ်ခံရခြင်းကို သူမနှစ်သက်။

"အင်း"

အသံလာရာဆီ ကြည့်လိုက်တော့ ဖြူဖျော့ပါးလျသည့် လူတစ်ယောက်။ သူမျက်လုံးများသည် ပြာလဲ့လဲ့မဟုတ်။ သူ့အသားအရည်က နီစပ်စပ် မဟုတ်။ သူ့လို အမည်း၊ အညိုဘက် သန်းသော မျက်လုံးများသည် စိတ်ကို နောက်ကျိစေသည်။
ထိုသူ၏ မျက်လုံးများကလည်း သူ့အား နှစ်လိုပုံမရ။ သူ အနည်းငယ် အရှိန်လျော့သွားသည်။

I become your flower (one shot collection & Short Stories)(unicode+zawgyi)Where stories live. Discover now