ဒီနေရာမှာ ဒီလို ငြင်းခုန်နေရတာကို စိတ်ကုန်နေပြီ။
သူတို့ ကလေးတွေမှ မဟုတ်တော့ဘဲ။
ငြင်းခုန်သည်ဟုလည်း မဆိုသာပါ။
သူ ဘယ်လောက် ရှင်းပြပြ နားလည်ပေးမယ့်ပုံလည်း မရ။
မှောင်စပင် နည်းနည်း ပြုနေပြီ။ မကြာမီ နေလုံးသည် အနောက်ဘက်သို့ အလုံးစုံ ငုပ်လျှိုးသွားတော့မည်။အတိအကျ ဆိုရရင် ကျောင်းဆင်းချိန်ကတည်းက ဖြစ်သည်။
"မတော်တဆလို့ ပြောပြနေတာလေကွာ"
"မင်း တကယ် မေ့နေခဲ့တာလား"
"မင်းလည်း အရွယ်ရောက်နေပြီပဲ
ဒယ်ဂူလောက်ကို တစ်ယောက်တည်း ပြန်ရတာ ဘာဖြစ်လို့လဲ""ငါပြောနေတာ တစ်ယောက်တည်း ပြန်ရလို့ မဟုတ်ဘူး
မင်း ကတိ မတည်လို့"
"ဘာဖြစ်ချင်တာလဲ"
"မင်း တကယ် မေ့သွားလို့
သူနဲ့ သွားတွေ့တာလား""သူနဲ့မဆိုင်ဘူး
မကျေနပ်နပ်ရင် ငါ့ကိုပြော""ဟက်"
သူ့အပြုအမူအတိုင်း တွန့်ချိုးသွားသည့် နှုတ်ခမ်းပါးကို သူ သဘောမကျပါ။ တကယ်တော့ ဒီကောင့်ဆီမှာ သဘောကျစရာ မရှိ။ တသ်လောကလုံး သူတစ်ယောက်သာ ဆရာကြီးစတိုင်နဲ့။ အခုလည်း မင်းမှားတယ်ဆိုတဲ့အချိုးကို တစ်ထစ်ချပုံစံပြောနေပုံက သူ့ကို စိတ်ပျက်စေတယ်။
"ဘာဖြစ်ချင်တာလဲ
ငါ့ကို ထိုးမလား""မင်း မထိုးဘူးလား
ငါထိုးတယ်""ခွပ်"
ဒီ မထီတရီ မျက်နှာပေးကြောင့် နောက်ဆုံး လက်ပါတာ သူပဲ ဖြစ်ရတယ်။
နှုတ်ခမ်းစွန်းက သွေးစကို လက်ခုံနဲ့ သုတ်နေတာ မြင်ပေမယ့် သူ ဘာမှ မပြောချင်။
အိတ်ကို ကျောပေါ် ကောက်တင်ပြီး ကျောခိုင်းလိုက်တယ်။"မင်းနဲ့ငါ ပြီးပြီ"
သူ ကြားအောင် အော်ပြောပစ်ခဲ့သေးသည်။
မုန်းလိုက်တာ။ သောက်ဆရာကြီးကောင် မင်းတစ်ယောက်တည်းနေ။🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
အိပ်ရာထဲမှာ ဟိုလှိမ့် ဒီလှိမ့် လုပ်နေပေမယ့် သူ အိပ်မပျော်။
ဒီကောင်နဲ့သူ မကြာခဏ ပြဿနာ တက်ရသည်။
ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကတော့ ရေရေရာရာမရှိ။ အရာအားလုံးကို လွယ်လွယ်တွေးသော ကျနော်နဲ့ ဘာမဆို လေးနက်လွန်းသော သူသည် မျဉ်းပြိုင်များသာ။
YOU ARE READING
I become your flower (one shot collection & Short Stories)(unicode+zawgyi)
FanfictionNevermind