Dear...II

62 11 9
                                    

ဘူဆန်တဲ့။
မြို့ကတော့ ကြီးသားပဲ။

မေမေနဲ့ လက်ပွန်းတတီး နေခဲ့တဲ့သူမို့ တော်သေးသည်။ ကနေဒီယန် ကိုရီးယား သွေးနှောကလေး ဂျီမင်းဟာ ကိုရီးယားကို အဲ့လောက်တော့ မစိမ်းဘူး။

ဂျီမင်းကတော့ နည်းနည်းပျော်သည်။ မေမေ့ မွေးရပ်မြေကို ရောက်ဖူးချင်သည်။

လိပ်စာ သိနေတာပဲကို မသေခင် သွားတွေ့ရောပေါ့။ လူကြီးတွေရဲ့ စိတ်ကူးကို တကယ် လိုက်မမီဘူး။


소중한 ဟု ကိုရီးယားဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ရှေ့မှာ ဂျီမင် ရပ်လိုက်တယ်။ ဒီ ကော်ဖီဆိုင်ကလေးပဲ။

"ဟုတ် Park Jee Min ရဲ့ သားပါ"

အရောင်ပြောင်းသွားတဲ့ မျက်လုံးအချို့ ရှိပေမဲ့ တည်ငြိမ်နေပြီပဲ။ ကျနော့်ထက် အသက် ၂၀ ကြီးတဲ့ ၃၈ နှစ်အရွယ် မင်ယွန်းဂီပေါ့။ စာတွေထဲက (၁၆)နှစ် ယွန်းဂီနဲ့တော့ တော်တော်လေး ကွဲပြားခြားနားတယ်။

ရှပ်အင်္ကျီ အရောင်နု ကို တံတောင်ဆစ်ထိ သပ်သပ်ရပ်ရပ် ခေါက်တင်ထားတဲ့ ယွန်းဂီ ပါဝါ မျက်မှန်တစ်လက်ကိုပါ ပိုင်ဆိုင်ထားသေးတယ်။ မေမေ့ဓာတ်ပုံထဲက ပါးဖောင်းဖောင်းလေးတွေလည်း မရှိတော့ဘူး။

"ဆိုတော့"

"မေမေက ဒီမှာ နေခိုင်းလိုက်တာ
ကျနော့်ကျောင်း ပရောဂျက်အတွက်
အာရှ ယဉ်ကျေးမှုနဲ့ ယုံကြည်ကိုးကွယ်မှုတွေ အကြောင်း"

"ဘယ်လောက် ကြာမှာလဲ"

"နှစ်လ"

"မင်း နာမည်ကရော"

ဒါကတော့ မဟုတ်သေးဘူးလေ။ ရောက်လာတဲ့သူကို နွေးနွေးထွေးထွေးကြိုဆိုပြီး ကျေးဇူးရှင် ရည်းစားဦးလေး သား ဆိုပြီး ဖူးဖူးမှုတ်ထားရမှာ မဟုတ်ဘူးလား။ ဒရမ်မာ ခင်းချင်ရင် ဖက်တောင် ငိုရဦးမယ်။ အခုတော့ လူကို စစ်လား ဆေးလားနဲ့။

"ဂျီမင်း"

"မင်းအမေနာမည်ကို ငါ သိတယ်
မင်းနာမည်ကို မေးတာ"

မသိနေရိုးလား။ ငါ့အမေကို သုံးနှစ်လောက် စာပို့ခဲ့တဲ့ ကိုယ်တော်ချောက။

စားပွဲပေါ်မှာရှိတဲ့ sticky note ကို ယူပြီး ရေးလိုက်တယ်

박지민 လို့ စာလုံး ပေါင်းပြလိုက်တယ်။

I become your flower (one shot collection & Short Stories)(unicode+zawgyi)Where stories live. Discover now