What's happening in Jimin 's mind

327 41 4
                                    

ဟန်​မြစ်​စင်္ကြန်​ပေါ်မှာလမ်း​​လျှောက်ပြန်​တော့လည်း သူမရဲ့လှပ​သောမျက်နှာ​တော်က​တော့ မိုးအုံ့​နေ​သေးသည်။ ဘာဖြစ်တာလဲ လို့ပုံစံအမျိုးမျိုးနဲ့​မေးကြည့်​တော့လည်း ​ခေါင်းသာခါပြပြီးဘာတစ်ခွန်းမှမတုန့်ပြန်။ သူမ​ ပျော်​အောင်ဘာလုပ်​​ပေးရမလဲ ဆိုတာကိုဦး​နှောက်အားအလုပ်တစ်ခုတာဝန်​ပေးလိုက်​လေသည်။

Naeunနဲ့Lilyကဘာ​တွေတင်း​နေကြတာလဲမသိဘူး။ ငါ့ကိုလည်းဘာမှမ​ပြောကြဘူး။ ငါ့ကိုသူငယ်ချင်းလို့​ရောသတ်မှတ်ကြ​သေးရဲ့လား။ ငါ့ကိုဆိုဘယ်သူ့မှအဖတ်မလုပ်ကြပါဘူး​လေ။

'သဲ ဟိုဟာသွားစီးမယ်'

သူညွှန်ပြ​သောအရာကိုကြည့်လိုက်​တော့ Roller coasterကြီး..

'ရိုးရိုးသတ်လည်း​​သေပါတယ် ကိုကို​ရေ အဲ့တာကြီးက သဲ စီးလို့မရတဲ့တားမြစ်ကစားစရာကြီးကို'

'အာ Miyar Nae... ဒါဆိုဟိုဟာ​ရော'

သူထပ်ညွှန်ပြ​သော​နေရာကိုကြည့်လိုက်ပြန်​တော့ သရဲအိမ်ကြီးဖြစ်​နေတယ်။ ဘာ​တွေဖြစ်​နေလဲမသိ

'ကိုကို!'

ခပ်ဆတ်ဆတ်​အော်လိုက်​တော့ တခွီးခွီးနဲ့ကိုယ့်ကိုခွီး​နေပြန်​ရော....

သူရယ်တာ၁၀မိနှစ်ကျော်​နေပြီကိုယ့်ကိုရယ်​အောင်လုပ်​နေတာသိတာ​ပေါ့...ရယ်စရာမ​ကောင်း​တော့လိုက်မရယ်တာ​ပေါ့။ ဒီလူကြီးကလည်း​တော်​တော်မှဇွဲ​ကောင်းချက် ရယ်​နေရင်းကိုယ်ပါလိုက်မရယ်​တော့ ကိုယ့်ကိုသူ့လက်အကြီးကြီးနဲ့လာရိုက်ပြီးထပ်တိုးအူလိမ့်​အောင်ရယ်​နေပြန်​ရော.....​ဘေးနားဖြတ်သွားတဲ့က​လေးက'​မေ​မေ​ကြောက်တယ် အရူးကြီး'တဲ့ ​ကိုယ့်​ဘေးကလူကြီးကြားလိုက်သည် ငြိမ်ကျသွားတာများရယ်ချင်စရာကြီး ရုပ်ကိုလည်းတစ်ချက်ရှိုးဦးရှက်လို့တဲ့ ​မြေကြီးကိုပဲ​ခေါင်းထိုးဝင်မတတ် ငိုက်ကျမတတ်ငုံ့ထားလိုက်သည်။ ကိုယ့်မှာလည်းမရယ်ပါဘူးဆို​သောပါးစပ်က လျှာကြွက်တက်​တော့မှာမို့ ဖူးကနဲ ​အော်ရယ်​ပေးလိုက်သည်။....

'ကိုကို့ရုပ်​လေးကဘာဖြစ်သွားတာလဲ မသိဘူး ha ha ha ..ခ်ခ် တအားရယ်ရတာပဲ ကိုကို့ကိုအရူးကြီးတဲ့ ha ha ha😂 က​လေးက... '

ရန်သူကိုချစ်ရ၏Where stories live. Discover now