She's mad on me a little

490 36 0
                                    

'ကိုကို့ကို ​လေး​လေးနဲ့ပြန်တိုင်မှာ ကိုကို့ကိုလည်းမချစ်​တော့ဘူး'

ဒါက​တော့ဒီ​နေ့မနက်ရဲ့မင်္ဂလာမရှိ​သောစတင်ခြင်းပင်ဖြစ်သည်။ မ​နေ့က ကိုယ်​စိတ်လွတ်သွားတာဘယ်လိုရှင်းပြရမလဲမသိ​တော့။ Hoseokဆိုတဲ့​ကောင်​တွေ့ ဦးမယ်။မ​နေ့က​ချောက်ချခံရတာသူကလွဲဘယ်သူမှမရှိ။ အခု​တော့​ကောက်စိန်က​​ကောက်နိုင်သ​လောက်​ကောက်​နေပြီ​လေ။ ဒါ​ပေမဲ့မ​နေ့က ​တော်​တော်သာယာခဲ့တာအမှန် လှပတဲ့သူမခန္ဓာကိုယ်​အောက်ကရုန်းမထွက်နိုင်​လောက်​အောင်​ကောင်းလွန်းသည်။

'က​လေး ကိုကို​တောင်းပန်ပါတယ် ဟုတ်ပြီလား က​လေးမငိုနဲ့​တော့​နော် အခု​ရေသွားချိုးရ​အောင်​လေ​နော် ခန​နေDressသွားကြည့်ရမယ်​လေ က​လေးရယ်​နော်'

'အီး ဟီး ဟီး ဒီညိုမည်းစွဲတွေနဲ့ က​လေးကဘယ်လိုသွားဝတ်ကြည့်ရမှာလဲလို့ အီး ဟီး ဟီး'

ဟုတ်ပါသည်။ သူမလည်ပင်း၊သူမရင်အုံနားတစ်ဝှိုက်လုံးကိုယ့်ကိုက်ရာ​တွေချည်း ဖြစ်​နေသည်။

'​အော ဟုတ်ပါ့​နော် အဲ့ဆိုမနက်ဖြန်မှသွားကြတာ​ပေါ့​နော် လိမ္မာပါတယ်က​လေးရာ လာအခု​တော့​ရေသွားချိုးရ​အောင် ကိုကို​ပွေ့မယ်လာ..'

အိပ်ယာက​နေအရင်ထလိုက်ပြီး သူမကို​ပွေ့မည်လုပ်​တော့ပုတ်ချခံရ​သည်။
သူမကိုယ်တိုင်ထမည်​ပေါ့...

'အ့ အ့ နာတယ် '

သူမခါးနာ​နေခြင်း​ပေ။ ​ပွေ့မယ်​ပြော​​တော့လည်းအ​ပွေ့မခံ​တော့ဒုက္ခ​ရောက်ပြီ​ပေါ့။

'အ့​ကြောင့်​ပြောတာ က​လေးရဲ့'

'လူဆိုး​ကောင်...ဟင့်'

Jkရဲ့ရင်ဘတ်ကိုထုရိုက်လိုက်ပါသည်။ သူမကို​ပွေ့ချီလိုက်​ပြီး ​ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ​ရေပန်း​တွေကိုဖွင့် သူမကို​ခြေလက်​ဆေး​ပေးဖို့ ဆပ်ပြာ​​တွေအဆင်သင့်ပြင်ထားလိုက်သည်။

'ကိုယ့်ဟာကိုယ်ချိုးလိုက်မယ်'

ငိုမဲ့မဲ့​ပြော​နေ​သောသူမကို လိုက်​လျော​ပေးရမည်။မဟုတ်ရင် ထပ်ငို​နေမှဒုက္ခအကြီးကြီး​ရောက်နိုင်သည်။ ​ရေချိုးခန်းရဲ့အပြင်ကိုထွက်လာ​​တော့ ဖုန်းကိုကိုင်လိုက်ပြီး Hoseokဆီကိုတန်းဆက်လိုက်သည်။

ရန်သူကိုချစ်ရ၏Where stories live. Discover now