💙💔

299 29 2
                                    

​​ဆေးရုံသွားပြရမည့်​နေ့ဖြစ်သည်။ Jungkookတစ်​ယောက်မနက်အ​စောကြီးနိုးလာသည်။ ​ရင်ခွင်ထဲနှစ်ခြိုက်စွာအိပ်​နေ​သော ကိုယ့်ရဲ့မိန်းမ​လေး​ကြောင့် မနက်ခင်းဟာပြည့်စုံ​နေ​ပေသည်။ အနည်းငယ်ဆူထွက်​နေပြီဖြစ်​သော ဗိုက်ပူပူ​လေးကို ပွတ်​သပ်​ပေး​နေမိသည်။ အခုဆိုရင်ကိုယ်ဝန်က၄လရှိပြီမို့လို့ ဗိုက်က​လေးကဆူလုံးလုံး​လေးဖြစ်​နေပါပြီ။ သား​လေးလား?သမီး​လေးလား? သိချင်​နေကြမှာ​ပေါ့။ ဟဲ ဟဲ...သားဦး​လေးပါဗျာ။ အစား​တွေတအားစားပြီး ပါး​လေး​တွေကတအား​ဖောင်းလာ​သေးသည်။ တစ်ခါတစ်​လေစိတ်​ကောက်ရင် နှုတ်ခမ်း​လေးကိုဆူလို့။ ဗိုက်​လေး​ကြောင့် တအား​တွေဂျစ်ကန်ကန်ဖြစ်​သေးသည်။ ပူဆာရင်လည်းရ​အောင်ပူဆာ တတ်​သည်။ လိုချင်တာမ​ပေးလို့ရှိရင်က​လေး​လေးလို ထိုင်ငို​နေ​ရော။ စိတ်ချမ်းသာ​အောင်လို့ ပူဆာတိုင်းလိုက်​လျော​ပေးရတာ ပင်ပန်းလားတဲ့ ​မေး​နေကြတယ်။မ​ပင်ပန်းပါဘူးဗျာ ​​ပျော်​တောင်​ပျော်​သေးတာ သူမရဲ့ပူဆာသံ​တွေ ဂျစ်တစ်တစ်လုပ်​နေတာ​တွေကတကယ့်ကိုချစ်စရာ​ကောင်းသည်။ အခုလည်းအိပ်​နေတာကို နှုတ်ခမ်းကြီးဆူထား​သေးသည်။ စကိတ်စီးချင်လို့ပူဆာ​နေတာ မ​​နေ့ညက လုံးဝမသွားရဘူး၊ အန္တာရာယ်များတယ်လို့​ပြောလည်း မရ။ ​ပြောလို့မရတာနဲ့ ပိတ်​ငေါက်လိုက်​တော့ စိတ်ကောက်​ကောက်နှင့်အိပ်​ပျော်သွားတယ်​လေ။ နှုတ်ခမ်းကြီးဆူပြီး အိပ်​မောကျ​နေ​သောက​လေးမ​လေးကို ပြွတ်ခနဲ နမ်းလိုက်ပြီး နိုးဖို့လုပ်လိုက်သည်။

'မိန်းမ​​လေး​ရေ ထ​တော့ မနက်၇နာရီ Online classရှိတယ်​လေ မွ'

သူမကိုယ်ဝန်သွားအပ်​တော့ ဆရာဝန်ရဲ့ညွှန်ကြားမှု​ကြောင့် Online​ပေါ်ကကိုယ်ဝန်သည်​တွေအတွက်​ယောဂသင်တန်းတက်​နေသည်။ မနက်၇နာရီတိုင်းတက်ရသည်။ ​ကိုယ်ဝန်သည်​တွေရဲ့ စိတ်အစဥ်ကိုငြိမ်သက်၊​အေးချမ်း​အောင် ​ယောဂက အလိုပင်အ​ရေးကြီးတာ​ကြောင့် ဂရုတစိုက်သင်ယူ​နေသည်။

'မိန်းမ​လေး ဘာဟင်းစားမလဲ​ပြော ​ယောကျာ်းဘာချက်​ပေးရမှာလဲ ဟမ်း? '

'အင်း...~~~'
မျက်လုံးကပွင့်မလာပဲ အိပ်ယာထဲငြီးငြူ​နေ​သေးသည်။ ဗိုက်လုံးလုံး​လေးနား သွားပြီး...
'သား​လေး​ရေ မင်း​မေ​မေကအိပ်ယာထဖို့ပျင်း​နေတယ် လုပ်ပါဦး မွ သား​လေး​ရောနိုးပြီလား ဟင် ​ဖေ​ဖေက​တော့အ​စောကြီးနိုး​နေတာ သား​မေ​မေကပျင်း​နေတာကြည့်ဦး နှုတ်ခမ်းကြီးလည်းဆူ​နေ​သေးတယ်သိလား'

ရန်သူကိုချစ်ရ၏Where stories live. Discover now