Husband💙

337 31 4
                                    

'ကိုကို့ဆံပင်​တွေ​တောင်ရှည်လာပြီ​နော်'

'​အေး ကိုကိုညှပ်လိုက်ရင်​ကောင်းမလားလို့​လေ'

'ဘာလို့ညှပ်မှာလဲ ဒီတိုင်းအရှည်ထားလိုက်ကိုကို'

'က​လေးကထားဆိုလည်းထားတာ​ပေါ့'

လွန်ခဲ့​သောနှစ်ရက်က Seoulကိုပြန်ဖို့​လေယာဥ်လက်မှတ်သွားဖြတ်ခဲ့သည်။ အလုပ်​တွေ​တော့ပြီးသ​လောက်ရှိ​နေပြီမို့လို့ ​လေး​လေးကလည်း ပြန်လာရန်အား​ပေးခဲ့သည်။ က​လေးမှာကိုယ်ဝန်ရှိ​ကြောင်းလှမ်း​ပြော​တော့ အ​ပျော်​တွေလွန်​နေကြ​တော့သည်။ ဂရုစိုက်ဖို့အတန်တန်မှာကြ​သေးသည်။ ​ဆေးခန်းသွားပြဖို့လည်း​ပြောကြ​ပေမယ့် က​လေးကSeoul​ရောက်မှ ပြန်ပြ​တော့မယ်ဆိုလို့ ​ဆေးခန်းမပြလိုက်ကြ​သေး။ အခု​တော့မနက်ဖန် Seoulပြန်ဖို့အဝတ်အစား​တွေသိမ်း​နေကြသည်။ ဒီအိမ်ဒီယာကို​တော့ ​ရောင်းဖို့အစီအစဥ်ဆွဲကြ​ပေမယ့် ​က​​လေးကမ​​ရောင်းရန် တားသည်။ Babe​လေး​တွေကြီးလာရင် အလည်​တွေ​ခေါ်သွားပြီး တည်းရန်အတွက်လို့​ပြော​သေးသည်။ အငှား​တော့လုပ်ခွင့်​ပေးခဲ့သည်။

'ကိုကို့အိမ်လိုက်​နေမယ်...'

'လာ​နေ​လေ က​လေးရဲ့ပို​တောင်အဆင်​ပြေ​သေးတယ် ကိုကို့အိမ်ကအိမ်ရှင်မ​လေးကို​စောင့်ကြို​နေမှာသိလား'

ကိုယ့်အိမ်​လေးကလည်းဘယ်သူမှမရှိ​​ခြောက်ကပ်​နေသည်။ အလုပ်သမား​တော့​ခေါ်ထားပြီးလိုအပ်ရင် လိုအပ်သလိုသန့်​ရှင်း​ရေးလုပ်​ပေးရမည်ဖြစ်​သော​ကြောင့်ပင်။ က​လေးကလိုက်​နေမယ်ဆို​တော့ ပို​တောင်​ပျော်ရ​သေး။

'ကိုကိုက အမည်း​ရောင်​တွေကြိုက်တာလား'

'​​အေး အသုံးအ​ဆောင်​တွေကျ​တော့အမည်း​ရောင်​ကိုပိုခုံမင်တယ်'

'ကိုကိုက Black Manပဲ ဟီး ဟီး '

ကြည်နူးစရာ​တွေလည်း ဖန်တီးခဲ့ကြ​သေးသည်။
ကိုယ်ဝန်ရှိ​နေလို့လား​တော့မသိ က​လေးကအရင်ကထက်ပိုစိတ်ပျော့လာသည်။ မျက်ရည်လည်းလွယ်လာသည်။ ဂရုတစိုက်စွာဆက်ဆံ​ပေးရသည်။ နဂိုကတည်းက​ဒေါသကြီးသူ​ပေမို့ အရာရာအ​လျှော့​ပေးရသည်။ အစားလည်းကြီးလာသည်။ တစ်ခါတစ်​​လေ ထမင်းကိုတစ်​နေ့၅နပ်​လောက်စားနိုင်သည်။ စားနိုင်​​သောက်နိုင်လို့​တော်​ပေ​သေးသည်။ ကျန်းကျန်းမာမာနဲ့ရှိ​နေ​ပေးလို့လည်း ဒီလူကြီးက​ကျေးဇူးတင်​နေရသည်။

ရန်သူကိုချစ်ရ၏Where stories live. Discover now