👩‍💼👨‍💼

317 34 2
                                    

သူမဘာမှမစားတာ ၂ရက်ရှိ​နေပြီ။ ကြားကြားချင်းသူမမှာ သတိလစ်လိုက်​သေးသည်။ ပြီး​တော့ကံဆိုးမှု​နောက်တစ်ခုကလည်းဆိုက်ဆိုက်မြိုက်မြိုက်​ရောက်လာခဲ့သည်။ သူမ၏​ရောဂါအခံက ပြန်ထလာလို့ က​လေးရဖို့ 35%ပဲ​သေချာမယ်လို့ဆရာဝန်က​ပြော​သေးသည်။ ဒါ​ပေမဲ့ဒီအ​ကြောင်းကို​တော့ က​လေးကိုမ​ပြောရ​သေး။ တစ်ပူ​ပေါ်တစ်ပူဆင့်ပြီး ​ရောဂါပိုထူမှာစိုးလို့ မ​ပြောပြကြ​သေး။ အခု​တော့ကုတင်​ပေါ်မှာမအိပ်​ပျော်လည်း အတင်းမျက်စိမှိတ်ပြီးအိပ်​နေ​တော့သည်။ အစာ​ကျွေးလို့မရ​တော့ ကိုယ်လည်း​ထောင်း​တွေခဲ​နေပါပြီ။

'Juice​လေးဝယ်​ပေးရမလား က​လေး'

'......... ... ....'

ရင်​သွေး​လေးကိုဆုံးရှုံးထားရ​တော့အ​တော်စိတ်ထိခိုက်​နေသည်။ ဆရာဝန်​ပြောကြားချက်အရ စိတ်ကျ​ရောဂါပါရနိုင်တာ​ကြောင့်အထူးဂရုစိုက်ရန်​​​ပေ။ ​ဒေါသထွက်​အောင်၊ ဝမ်းနည်း​အောင်မလုပ်မိ​စေရန်အထူးညွှန်ကြားထားပါသည်။

'ကဲ ဘာမှမစားချင်ရင် Gameအတူတူ​ဆော့ကြမလား'

'...... .......'

ငြိမ်ငြိမ်​လေး​ဆွေး​နေတုန်း။ ကျွန်​တော်လည်းစကြားကြားချင်းပြိုလဲ​တော့မလိုဖြစ်ခဲ့တာပဲ။ သူမ​ရှေ့မှာသာသန်မာပြရတာ၊ ကျွန်​တော်လည်းအ​သေနှ​မြောတာဗျ။ ညတိုင်းသား​လေးမျက်နှာကိုပံ​ဖော်ရင်း အိပ်စက်တဲ့သူက အခု​တော့​ခေါင်းအုံးနဲ့​ခေါင်းထိတာနဲ့မျက်ဝန်းထဲကအရည်​တွေကAutoစီးဆင်း​နေပြီ​လေ။ အဆင်မ​ပြေလွန်းဘူး။ 35%ပဲဖြစ်နိုင်ရင်​တောင် 0%မှမဟုတ်တာ ဖြည်းဖြည်းချင်းကြိုးစားသွားရင်ဖြစ်တာပဲ​လေ။ သား​လေး​ရေ ​ဖေ​ဖေ့​ပေါ့​လျော့မှုအတွက်​ဖေ​ဖေ့ကိုပဲ စိတ်ဆိုးပါသားရယ် သား​မေ​​မေ့ကို​တော့ စိတ်မခုလိုက်ပါနဲ့​နော်။ ပြို​တော့မည့်မျက်ရည်ရွဲ​လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူမကိုထပ်​ချော့ရဦးမည်။ Fighting Jeon Jungkook။

'က​လေးက ဘာမှမလုပ်ချင်ရင်​တော့ ကိုကို့ရင်ခွင်ထဲသိပ်ရမှာ​ပေါ့'

လူနာကုတင်​ပေါ်ဝင်ထိုင်လိုက်ပြီး သူမကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ခိုလှုံခွင့်​ပေး​တော့မှ ပိုဆိုးလာပါသည်။ ငို​တော့မည်။ စိတ်ဓါတ်​ပျော့လိုက်တာ ကိုယ့်မိန်းမ​လေး Park Jiminရယ်။

ရန်သူကိုချစ်ရ၏Where stories live. Discover now