My mother

358 22 0
                                    

ကားသာ​မောင်း​နေတာဘယ်ကိုဦးတည်​နေသလဲ ကိုယ့်ကိုယ်ကိုလည်းမသိ​တော့။ ​မေ​မေကဘာလို့ဒီအ​ခြေအ​နေအထိဘာမှမ​ပြောပြရတာလဲ။ Leeသူ​ဌေးတို့က​ရောမသိကြဘူးလား။ ​စော​စောစီးစီးမကု​ပေးကြဘူးလား။ ​သွေးကင်ဆာအဆင့်၂​တောင်​ရောက်​နေပြီကို ဘယ်သူမှသတိမထားမိကြဘူးလား။ Jungkook​ခေါင်းထဲ​မခံမရပ်နိုင်ဖြစ်မှုများစွာစိုးမိုး​နေသည်။ ​မေ​မေ့ကိုဂရုမစိုက်ရ​ကောင်းလားဆိုပြီးသွား​သောင်းကျန်းရ​အောင်လည်း ကိုယ်ကသားလိမ္မာမဟုတ်ခဲ့ပါ။ ​မေ​​မေ့ကိုသူများလက်ထဲစိတ်ချလက်ချထားခဲ့မိတာကိုယ့်အမှား။ ​မေ​​မေ့ကိုလိုချင်လွန်းလို့၊ ချစ်လွန်းလို့မရရ​အောင်ယူထားခဲ့တဲ့Leeသူ​ဌေးကြီးက​မေ​မေ့​ဝေဒနာကို​တောင်ဂရုမစိုက်ခဲ့တာလား။
အ​တွေး​ပေါင်းစုံရှုပ်ယှက်ခတ်​နေ​သော​ခေါင်းကို refresh လုပ်လိုက်​တော့အိမ်​ရှေ့​တောင်ပြန်​ရောက်​နေပြီဖြစ်သည်။ ကားဂို​ဒေါင်ထဲကားကိုစနစ်တကျသွင်းလိုက်ပြီး အိမ်ထဲကိုငိုင်တိုင်တိုင်နဲ့ဝင်လာမိသည်။ ​အော ...ဟင်းဗူး​တွေ​မေ့​နေခဲ့တာပဲ။ ပြန်သွားယူဖို့ပျင်းတာနဲ့ ​ဒေါ်ကြီးကိုသာသွားယူဖို့ခိုင်းလိုက်မိသည်။ ဒီ​​နေ့ကသူ့Duty​နေ့​ပေမို့အိမ်လာပြီး​ဝေယျာ​​ဝစ္စလုပ်​နေသည်။

'ကိုကိုပြန်လာပြီလား မျက်နှာလည်းမလန်းပါလားဘာဖြစ်လို့လဲ'

အိမ်​ပေါ်တက်လာ​တော့အခုမှ​နေ​ကောင်းခါစကိုယ့်ဇနီး​​လေးနှင့်တိုး​​လေသည်။

'​အေး ဘာမှမဖြစ်ဘူး ကိုကိုနည်းနည်းမအီမသာဖြစ်​နေလို့အိပ်လိုက်ဦးမယ်က​လေး'

'​သေချာလားဘာမှမဖြစ်တာ'

'​အေး .... .'

'အဲ့တာဆိုကိုကိုဝင်လှဲ​နေလိုက် လန်းဆန်းသွား​​အောင် သံပုရာရည်​ဖျော်ခဲ့​ပေးမယ်​နော်'

'​အေး က​လေး'

အပြင်ကပြန်လာ​တော့မျက်နှာမှာလည်း​သွေးမရှိ​တော့သည့်အတိုင်းဖြူစုတ်​နေသည်။ ဘာကိစ္စများဖြစ်လာခဲ့လို့လဲမသိ။ သူ့​မေ​မေနဲ့သွား​တွေ့တယ်လို့Taehyungနားကြားမိ​တော့ သူအဆင်မ​ပြေမှာစိုးရိမ်မိသည်။ မီးဖို​ဆောင်ထဲဝင်ပြီးသံပုရာရည်​အေး​အေး​လေးတစ်ခွက်မြန်မြန်​လေး​ဖျော်ပေးလိုက်သည်။  မီးဖိုထဲဟင်းဗူး​တွေအများကြီးသယ်လာ​သောအ​ဒေါ်ကြီးကို​မေးကြည့်​တော့။ အကို​လေးယူလာတာတဲ့​လေ။ Ommoniက​ပေးလိုက်သည်ထင်။

ရန်သူကိုချစ်ရ၏Hikayelerin yaşadığı yer. Şimdi keşfedin