Final🧡

531 30 1
                                    

'သူ သိပ်​ပျော်​နေတာပဲတဲ့...ကိုယ်လည်းထပ်တူ​ပျော်ရပါတယ် '

.... .... ... .... .... .... .... .... ....
ဖုန်းထဲဝင်လာတဲ့messageအရှည်ကြီးတစ်​စောင်​ကြောင့် Jiminတို့မှာအိမ်ကိုအ​မောတ​ကောပြန်​ပြေးလာကြသည်။

သူပြသာနာရှာထားတာကိုလူကြီး​တွေကဘာမှမ​ပြောပြကြဘူး။ စိတ်အတိုဆုံးကကိုယ့်သူငယ်ချင်းအ​ပေါ်ဖြစ်​နေတာပဲ။ ကိုယ်တို့မိသားစုကိုသူမဘယ်လိုထင်သွားမှာလဲ။ Taehyungနဲ့Lilyတွဲ​နေတာကိုအစကတည်းကသ​ဘောကျ​မ​နေခဲ့ပါ။ ကိုယ့်​မောင်ကတဇွတ်ထိုးသမားဖြစ်​နေတာရယ် Lilyကနဂိုကတည်းတစ်ကိုယ်တည်းသမား​လေးမို့ နိုင်စားရာ​ရောက်သည်။ ဖြစ်လာ​တော့ ကိုယ့်မှာသူငယ်ချင်းကို​တောင်မျက်နှာချင်းမဆိုင်ရဲပါ။ ကိုယ့်ကိုသူမက​ကျောင်းကတည်းသိပ်မ​ပေါင်းရဲပါ။ သူမထက်အဆင်​ပြေချမ်းသာ​နေ​တော့ သူမကိုအထင်​သေးအမြင်​သေးမှာတအား​ကြောက်တတ်သည်။ သူမ​လေးကရုပ်​ချော​တော့ တခြား​ဘောစိ​ကောင်​​လေးတွေဆိုရင်သူမကိုအတင်းလိုက်တွယ်ကပ်ပြီး အနိုင်ကျင့်တတ်သည်။ ဒါ့​ကြောင့်သူမမှာ သူ​ဌေး​တွေနဲ့ပတ်သက်ရင်Phobiaဖြစ်တတ်သည်။ အသက်အရွယ်​ရောက်လာ​တော့လည်းအဲ့​လောက်မဖြစ်​တော့။
အခုTaehyungလုပ်ခဲ့တဲ့ကိစ္စဟာ ရုံး​ရောက်ဂတ်​ရောက်အဖြစ်မဟုတ်ပါလား။ ဒါကိုသူမကကိုယ့်မျက်နှာ​​ထောက်ပြီးဘာမှမလုပ်ခဲ့​ပေ။ ဒီ့ထက်ပိုဆိုးသည်က လပ်ထပ်စာချုပ်ပါထပ်ကမ်းလာတာပဲ။ ကိုယ်​တော်​တော်ပူ​လောင်​နေပါသည်။

'​မေ​မေ Taehyung​ရော..'

'က​လေး စိတ်​လျှော့​နော် သူတို့ဘာသာသူတို့​​ဖြေရှင်းလိမ့်မယ်'

​အေးရာ​အေး​ကြောင်း​ဘေးက​နေနားချ​​နေ​​သော်လည်း မိန်းမမှာတစက်မှစိတ်မငြိမ်​နေပါ။ လက်​ဆုပ်လည်းတင်း​နေ​ရော။ မိန်းမက​တော့သတင်း​ကောင်း​လေး​တောင်လုံ​လောက်​​အောင်မနာ​ပျော်ရ​သေး။ သတင်းဆိုးက​ညှော်​ထောင်ခံရပြန်သည်။
Ommoniက​တော့ကြားထဲစိုးရိမ်ပူပန်​နေသည့်ပုံပင်။

'Yah...Taehyung ဒီမှာလာထိုင်ဦး'

'... .... ..'

Taehyungက​တော့ဟိုတ​ယောက်ဆူ ဒီတ​ယောက်ဆူနဲ့တအား​ခေါင်းပူ​နေပြီဖြစ်သည်။ ကိုယ့်အမှားလည်းဖြစ်​တော့ ကလန်ကဆန်မလုပ်ရန်သာကိုယ့်ကိုယ်ကိုထိန်းထားရသည်။ မမကို​တော့တအားလည်းအားနာသလိုလိုဖြစ်​တော့ ​မ​ပြောပြနိုင်ခဲ့ပါ။

ရန်သူကိုချစ်ရ၏Where stories live. Discover now