Hope💖

291 26 1
                                    

သူဒီ​လောက်ထိ​ဒေါသကြီးမယ်လို့​ပေါင်းလာတဲ့တစ်​လျှောက်လုံးကိုယ်တကယ်မသိခဲ့။ မ​နေ့ညကသူ့အ​မေကို ဟိုမှာပဲကုသ​ပေးမယ် ဘာညာနဲ့ သူ့​ပ​ထွေးနဲ့ရန်ဖြစ်ကြသည်။ ကိုယ်ကလည်း Ommoni(Jungkook's mom)​နေမ​​ကောင်းဘူး​ပြော​တော့​ဆေးရုံကို ကိုကိုနဲ့လိုက်သွားလိုက်တာ။ ​ရောက်တာနဲ့ ပ​ထွေးနဲ့သားကပွဲစ​ရော..။ ကိုကို​တော်​တော်​ဒေါသထွက်သွားသည်ထင် ပစ္စည်း​တွေပါရိုက်ခွဲလာ​တော့ကိုယ့်မှာ​တော်​တော်လန့်သွားရသည်။ ကိုယ်နဲ့သူရန်ဖြစ်ရင်အဲ့​လောက်မကြမ်းတမ်းဖူးပါ။ တံခါးကို​ဆောင့်ပိတ်တာ​လောက်ပဲ လုပ်တတ်သည်။ ကိုကို့မျက်ဝန်းက​နေ သားသမီး​​မေ တ္တာ​တွေ​ပေါ်ထင်စွာပင်။
အခု​တော့ကိုယ့်ကို​တောင်အဆက်အသွယ်မလုပ်ပဲ ထားခဲ့သွားသည်မ​နေ့ကတည်းက။ Ommoniက​တော့'သားကဒီလိုပဲ သူ​ပေါက်ကွဲပြီးရင် ​ပျောက်​ပျောက်​နေကျ'လို့နှစ်သိမ့်ပြီး​ပြော​ပေမယ့်ကိုယ့်မှာ​တော့တကယ်မ​နေနိုင်ပါ။ ဖုန်းလည်းမကိုင်အိမ်လည်းမ​ရောက်နဲ့။ ကိုယ်နဲ့တုန်းကလိုမှမဟုတ်တာ။ သူစိတ်တိုရင်သူ့ဟာသူဒီတိုင်းငြိမ်​နေပြီး စကားမ​ပြောတာ​လောက်ပဲရှိမည်။ အခုလို​တော့​ပျောက်မသွားပါ။

'သမီး​ရေ...Taehyung​ရော'

'မသိဘူး​လေ Omma သူ​ရောပြန်မ​ရောက်ဘူးလား'

'​​အေး.. ဟို​နေ့ညကတည်းက'

ဟင်!!ကိုယ့်မှာလင်ပူ​ကောင်း​နေတုန်းအိမ်ကအငယ်​ကောင်က ကိုယ့်လင်ထက်​တောင်​စော​အောင်​ပျောက်သွား​သေးသည်။ ​အော...

'သမီး​ရေ...​နေ့လည်စာ​တော့ဆင်းစား​လေ ည​နေ​ဆေးရုံသွားမို့ဆို'

'ဟုတ် Omma'

သူ့အ​မေလည်းကိုယ့်အ​မေလိုပါပဲမဟုတ်ပါလား။ Ommoniခမျာ သားနဲ့ခင်ပွန်းက​တောက်ကဆဖြစ်​တော့ သူမခမျာ​ရောဂါနှစ်ဆဖြစ်သွားရသည်။ ကိုယ်လည်းဒီတ​လော ရင်ပြည့်သလိုလိုဖြစ်​နေတဲ့​ရောဂါနဲ့ကင်းကိုမကင်း​တော့။

.... .... ..... .... .... .... .... ...

'Jungkook မင်းအိမ်ပြန်ဦး​လေ'

ကိုယ့်အိမ်မှာလာ​သောင်တင်​နေတာ ကြည့်လို့ကိုမရ​တော့ပါ။ တစ်ခါနှစ်ခါနဲ့နားကိုမဝင်​တော့တာဒီ​ကောင်​။ Jiminieကိုလည်းမဆက်သွယ်​သေးနဲ့တဲ့။ ကိုယ်က​တော့သူဘယ်လို​နေ​နေအဆင်​ပြေ​ပေမယ့် သူ့ကိုစိတ်ပူ​နေကြတာ ဒီ​ကောင်ကတစက်မှမငဲ့ပါ။ သူ့မှာလည်းဂျစ်ကန်ကန်စရိုက်​ကြောင့်အပူမရှိဘူးလို့သာထင်ခဲ့တာ။ ဟူး...သနားမိတယ်Jungkook ရာ။

ရန်သူကိုချစ်ရ၏Where stories live. Discover now