ep 17🖤

426 52 14
                                    

For Zawgyi

"မင်းသားငယ် ဒီနေရာက မှန်ရဲ့လား"

"အာ°°°ဟုတ်ပါတယ်ဆို"

ထယ်ယောင်းမျက်နှာသည် ဆူပုတ်နေပြီး ဘ၀င်မကျပင်မဲ့ သူ့ရှေ့က မင်းသားငယ်လေးကို ပြန်မပြောရဲပေ။
အိမ်ရှေ့စံ ဂျွန် နန်းတတ်ရန် ရက်ပိုင်းပဲ လိုတော့သည်မို့ လိုအပ်သည့် စာရင်းများရှာရန် မင်းသားငယ်ဂျီမင်းနဲ့ ထယ်ယောင်းတို့ အမတ်ဒို အိမ်ရောက်လာကြခြင်းဖြစ်သည်။

"ဘယ်လိုလုပ်ပြီး စာအုပ်ကို ယူမှာလဲ မင်းသား"

အရှေ့က နှုတ်ခမ်းဆူကာ စဉ်းစားနေသော မင်းသားငယ်ကို ကြည့်၍ ထယ်ယောင်း ခပ်ရေးရေးပြုံးသည်။
ထိုအပြုံးတို့သည် မင်းသားငယ်စကားကြောင့် ကြာရှည်မခံချေ။

"၀င်ခိုးမယ်ကွာ...."

"ဟုတ်....ဗျ.....ဗျာ"

ထယ်ယောင်းကို မော့ကြည့်ကာ မင်းသားငယ်က မေးငေါ့ပြသည်။ ဘာလဲဆိုသည့် သဘောမျိုးဖြင့်...

"မဟုတ်သေးဘူးလေ..မင်းသားက ဘယ်လိုလုပ် ၀င်ခိုးမှာတုံး"

ထယ်ယောင်းမျက်နှာကြီး မှောင်မဲဆူပုတ်ကာ မအီမလည်ဖြစ်နေသည်။
ငယ်ငယ်ထဲက ခိုးယူဖို့မပြောနဲ့ လိမ်ရင်တောင် ချက်ခြင်းမိသည်။

"အာ...ဒီ ကင်မ်ထယ်ယောင်းကြီးက အရပ်ပဲရှည်ပြီး ဘာမှကိုနားမလည်ဘူး"

မင်းသားငယ်ဂျီမင်းနဲ့ ထယ်ယောင်း မျက်လုံးခြင်းစစ်ထိုးနေသည်။

"မင်းသားက နောင်တစ်ချိန် တိုင်းပြည်ကို အုပ်စိုးရမဲ့သူလေ..အဲ့အချိန်ကျ ငါကိုယ်တော် တစ်ချိန်က သူများစာအုပ်ကို အိမ်ထဲထိ ၀င်ခိုးဘူးတယ်လို့ ပြောမှာလား"

"အဲ့တာဆို ၀င်မခိုးလို့ ငါ့ကိုအဲ့စာအုပ်ပေးစမ်းလို့ တောင်းရမှာလား?? နည်းနည်းပါးပါး ဦးနှောက်သုံးလေ...အဲ့လိုတောင်းတော့ ဟိုက ဘယ်ကလေးလာရှုပ်နေလဲဆိုပြီး နာရင်း ရိုက်ရင် မင်းခံမှာလား"

"မင်းသားကို ဘယ်သူကရိုက်ရဲမှာလဲ..မဟုတ်တာကို တွေးကြောက်နေတယ်။ တကယ်ပဲ အရပ်နဲ့ အတွေးက တိုက်ရိုက်အချိုးကျနေတယ်"

Stranger From Hell { complete }On viuen les histories. Descobreix ara