Ep 5⌚⌚

718 93 7
                                    

Seokjin သူ့ရဲ့ အားနာတတ်တဲ့ကျေးဇူးကြောင့်စာ
ကြည့်တိုက်နဲ့ နှစ်ပါးသွားနေရတာ ၁ပတ်ပင်ပြည့်
တော့မည်.

စာကြိုးစားနေခြင်းတော့မဟုတ်.သဘာဝလွန်အ
ကြောင်းများရှာဖတ်နေခြင်းပင်..
Seokjin စာကြည့်တိုက်မှူးရဲ့ အကြံပေးချက်အတိုင်း
မှင်စာ တွေအကြောင်းရေးထားတဲ့ စာအုပ်မှာ ရှာရန်
ဆုံးဖြတ်လိုက်သည်.

"Jin shi..တနေ့တနေ့ စာတွေပဲ ဖတ်နေရတာ မမောဘူးလား''

အော်မေးတတ်လိုက်တာ..အဲ့ပါးစပ်လေး ရွှေချထားပေး
မယ်.သူ့ကိစ္စကူညီဖို့လည်း ရှာပေးနေရသေးတာကို
Seokjin jungkook ကို မျက်စောင်းထိုးရင်း
"ခင်ဗျားကြောင့်လေ.ခင်ဗျားလည်း ဘေးမှာ အိပ်လိုက် ပွစိပွစိ လုပ်လိုက် လုပ်မနေပဲ ကျွန်တော့်ကို ကူရှာပေး
ပါလား''

ထိုအခါ ယုန်သွားပေါ်အောင်ရီပြရင်း

"ဟီး..ဟီး..ကျွန်တော်က စာအုပ်နဲ့ မတည့်ဘူးထင်
တယ်.မြင်တာနဲ့ ကိုအိပ်ချင်နေတာ''

Seokjin ခေါင်းခါပြရင်း စာအုပ်ရှာနေလေရဲ့..
ဆက်ငြင်းနေရင် ကျန်တဲ့သူတွေအမြင်မှာ ရူးနေတယ်
ထင်ကြမည်မှာ အမှန်.
Jungkook ကတော့ seokjin နောက်တကောက်ကောက် လိုက်နေလေရဲ့..

Seokjin စာအုပ်စင်ရဲ့ အပေါ်ဆုံးမှာ ရှာချင်တာကြောင့် လှေကားပေါ်တတ်ကာ ရှာဖွေနေသည်.
အတန်ကြာတော့ ''မှင်စာများ'' ဆိုတဲ့ စာအုပ်ကို ကိုင်
ကာ ''ဒီဟာနဲ့တူတယ်''

Seokjin အသံကြောင့် jungkook သူ့ရှေ့ကစာ
အုပ်စင်ဆီရောက်လာပြီး

"တွေ့ပြီလား''

စာအုပ်ထဲက ရုတ်တရက်ထွက်လာတဲ့ jungkook
ကြောင့် seokjin ယောင်ပြီး နောက်ဆုတ်မိတော့
လှေကားပေါ်က ကားယားကြီး ပြုတ်ကျ လေသည်.
Jungkook လည်း seokjin လက်ကို ဆွဲဖမ်းချိန်
Seokjin လည်း jungkook ကို လက်လှမ်းပေးချိန်
Jungkook seokjin လက်ကို ဆွဲလိုက်ပင်မဲ့ လက်
မပါပဲ လေတွေသာ ပါလာသည်.

"ဘုန်း...'' ''အ့!''

အောက်ကျတဲ့ အသံနဲ့အတူ seokjin လှေကားပေါ်က
ဖင်ထိုင်ရက်ပြုတ်ကျလေသည်.

"အာ့...တောင်းပန်ပါတယ် jin ကျွန်တော် ဖမ်းလို့မရဘူး
ဆိုတာမေ့သွားလို့''

Stranger From Hell { complete }Where stories live. Discover now