ep 13💛

581 77 16
                                    

"မင်းသားငယ် ဂျီမင်း...''

"အပြင်ထွက်လာရင် နန်းတော်မှာလိုခေါ်လို့မရဘူးလေ
ထယ်ယောင်းရဲ့''

သူ့အားပုခုံးမှ ဖတ်ထားသော မင်းသားငယ်ဂျီမင်းကြောင့် အရပ်မှီအောင် ဒူးကွေးပြီး လမ်းလျှောက်ပေးနေရသည်မှာ မလွယ်ချေ။

"ဒါဆိုလဲ လက်ဖယ်ပေး ဂျီမင်ရာ''

ခြေလှမ်းလှမ်းနေသော မင်းသားငယ်ခြေထောက်များတုံ့
ကနဲရပ်သွားပြီး ဘေးမှ ဒူးကွေးနေရသော
ထယ်ယောင်းကို မျက်စောင်းတွေကြီးပစ်ကျွေးနေသည်

"အသင်က ကျွန်ုပ်ကို အရပ်ပုတယ်လို့ပြောချင်တာလား'

"အော် ခက်တာပဲ...ကျွန်တော်ပြောတဲ့ထဲ အဲ့စကားမပါ
ပါဘူးဗျာ''

"ဒါဆို ထယ်ယောင်းအသားထိတာမကြိုက်တာလား''

ပြောလဲပြောပခုံးဖတ်ထားတဲ့လက်လဲ ဖယ်ပေးကာ
လက်ပိုက်ရင်း ဟိုဘက်လှည့်သွားသော မင်းသားငယ်
ကို ထယ်ယောင်းကြိတ်ရီနေသည်။
စိတ်ကောက်ပြီး မျက်နှာတစ်ဖက်လှည့်ထားသော်လဲ
ပြန်မချော့တဲ့အပြင် ရီနေသောထယ်ယောင်းကြောင့်
ဂျီမင်းတကယ်စိတ်တိုလာသည်။

ဒေါသထွက်ကြောင်းပြောရန်ပြန်လှည့်ချိန်တွင် ထယ်
ယောင်းရဲ့ လက်ရှည်ရှည်လေးတို့သည် မင်းသားငယ်
ရဲ့လက်ပိစိလေးကို ဆုပ်ကိုင်ရက်သား...

"ပခုံးဖတ်တာထက် လက်ကိုင်ရတာပိုရင်ခုန်စရာမ
ကောင်းဘူးလား ဂျီမင် ''

ထယ်ယောင်းလုပ်ရက်ကြောင့် ရှက်ရမ်းရမ်းပြီးလက်ပြန်
ရုတ်တော့ ထယ်ယောင်းလက်များပိုတင်းကြပ်သွား
သည်။

"ဟို...လူတွေ...''

မင်းသားငယ်စကားကြောင့် ထယ်ယောင်းပြုံးပြီး လက်ဖ
မိုးလေးကို ထိရုံလောက်လေးနမ်းလိုက်သည်။
ရဲတတ်လာသော မျက်နှာနဲ့ အူတူတူဖြစ်နေသော မင်း
သားငယ်ဂျီမင် သည် ဝတ်ထားတဲ့ဝတ်စုံအဝါကြောင့်
ရော ကြက်ပေါက်လေးနဲ့တူနေသည်🐥
ချစ်စရာကောင်းတဲ့ ကြက်ပေါက်ပိစိလေး🐥
.
.
.
.
.
.
.
မုန့်ဆိုင်တစ်ခုမြင်တာနဲ့ အတင်းသွတ်သွင်းနေသော
ပါးဖောင်းဖောင်းပိုင်ရှင်လေးအား အိမ်ရှေ့စံအမြတ်
တနိုးခိုးခိုးကြည့်သည်။

Stranger From Hell { complete }Where stories live. Discover now