ep 11💧

563 97 16
                                    

"မယ်မယ်ကြီး အဲ့ကောင်လေးကို လူယုံလုပ်ခိုင်းမလို့
လား''

ခေါင်းအစ ခြေအဆုံး ရွှေသားတို့နှင့်ပုံဖော်ထားကာ
ဇာမနီ ငှက် ဝတ်ရုံခြုံလွမ်းထားသော မယ်မယ်ကြီးသည်
မင်းကြီး yoongi ပြီးလျှင် ဂိုလျောတွင် သြဇာ အညောင်းဆုံး မယ်တော်ကြီးဖြစ်သည်.

ကြွေခွက်ထဲ ငှဲ့ထားသော ဆေးလက်ဖက်ရည်ကို တစ်
ကျိုက်ထဲမော့အပြီးတွင် မယ်မယ်ကြီး မျက်နှာထက်တွင်
အပြုံး ရေးရေးလေးခိုတွဲလျက်ရှိသည်.

"အမတ်ကြီး လီ .သားတော်ကြီး အဆင်ပြေရဲ့လား''

"မှန်လှပါ မယ်မယ်ကြီး.မင်းသား ပတ်က နယ်နှင်ဒဏ်
ခံထားရတော့ မင်းသားနောက်ကို နောက်လိုက်တွေ
ထည့်ပေးထားပါတယ် ''

မယ်မယ်ကြီး ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်နေရင်း

"သူပုန်တွေရော...အိမ်ရှေ့စံ ဂျွန်နန်းမတတ်ခင် ငါ့သား
တော်ကြီးကို မင်းကြီးနေရာ ပြန်ပေးရမယ်''

"မှန်လှပါ..မယ်မယ်ကြီး.မယ်မယ်ကြီး ပြောတဲ့ အတိုင်း
ဖြစ်စေရပါမယ်''
.
.
.
.
"မယ်မယ်ကြီး ပညာရှိ ဂျင် တွေ့ဖို့ ခွင့်တောင်းနေပါ
တယ်''

"ဝင်ခိုင်းလိုက်''

"ဂါရဝ ပြုပါတယ် မယ်တော်ကြီး''

"အင်း..မောင်မင်းကို ပြောစရာရှိလို့ ခေါ်လိုက်တာ.ထိုင်
ပါဦ .ဒီမှာ ဆေးလက်ဖက်ရည်လေး သောက်ပါဦ ''

"ကျေးဇူးကြီး လှကြောင်းပါ.မယ်တော်ကြီး''

ဆော့ဂျင် မယ်တော်ကြီးဘေးက ခုံတွင် ဝင်ထိုင်လိုက်ပြီး
သူ့နှင့် မျက်နှာ ချင်းဆိုင် ဖြစ်နေသော အမတ်လီကို
နှုတ်ဆက်လိုက်သည်.

"ပညာရှိဂျင်ကို မေးစရာရှိလို့ပါ''

"ဟုတ်.မယ်တော်ကြီး.အမိန့်ရှိပါ''

ဆော့ဂျင် နန်းတွင်းစကားတွေကို ပြောကျင့်မရှိသေးတာ
ကြောင့် အစစအရာရာ သတိထားကာပြောနေရသည်.

"ပညာရှိ ဂျင်က မင်းကြီး yoongi ကို သံတမန်ကိစ္စ
ဖြေရှင်းပေးပြီး မင်းသားငယ် jimin နဲ့ အိမ်ရှေ့စံ
Jeon တို့ကို စာသင်ပေးနေတယ်ဆို''

Stranger From Hell { complete }Where stories live. Discover now