ep 10💘💘

600 96 10
                                    

ချယ်ရီပင်လေးများ ဝေဝေဆာဆာပွင့်ကာ သာယာနေ
သော ရာသီဥတုကြောင့် ထိုမြင်ကွင်းကို namjoon
တမေ့တမော ငေးကြည့်နေသည်.

လမ်းအပြည့်ပွင့်နေသော ချယ်ရီပင်များကြောင့်လျှောက်
လမ်းတစ်ခုလုံး ရွက်ကြွေတို့ဖြင့် ပြည့်နှက်နေသည်.

တံတားအလယ်၌ မတ်တပ်ရပ်နေသော namjoon
သည် ခေါင်းလေးငုံ့ကာ ကန်ရေပြင်ကိုငေးနေသည်.

"Joon''

စူးရှရှ အသံလာရာ လှည့်ကြည့်တော့ နန်းတွင်းဝတ်စုံ
ကပိုကရိုဝတ်ထားသော လူသားသည် သူ့ထံပြေးလာ
နေသည်.
သွာတန်းလေးများပေါ်သည်အထိ ပြုံးကာပြေးလာသော
လူသားသည် သူ့ကို ခုန်ဖတ်လိုက်တာမို့ အနောက်ယိုင်
လုနီးပါးဖြစ်ကာ နောက်သို့ ခြေနှစ်လှမ်းလောက်ဆုတ်မိ
သွားသည်.

"အရှင် ဘယ်လိုဖြစ်လို့ပြေးလာတာပါလဲ.ချော်လဲ ကုန်
တော့မှာပဲ''

ထိုစကားကို သူမဟုတ်သော သူမှပြောခြင်းဖြစ်သည်.
တစ်နည်းအားဖြင့် သူ့အရှေ့က namjoon နှင့်အရှင်
ဟုခေါ်သော ကောင်လေးသည် သူ့ကို မမြင်ပုံပင်..
(သူ့ကိုယ်သူ ပြန်မြင်နေတဲ့ပုံကိုပြောတာ.သူမြင်နေတဲ့
Namjoon က သူ့အတိတ်ပေါ့.)

"ချော်လဲ သွားရင် joon ဖမ်းထားပေါ့''

Namjoon ရင်ခွင်ထဲက လူသားလေးသည်ရီမောကာ
ပြန်ဖြေသည်.

"အရှင် ဒီနေ့လဲ နန်းတော်ကနေ ခိုးထွက်လာတာလား''

"ခေါ်ပြန်ပီ..အရှင် အရှင်နဲ့ seokjin ပါဆို kim seokjin''

ထိုစကားကြားတော့ namjoon သည် သူ့ပါးချိုင့်များ
ပေါ်အောင်ပြုံးပြီး ထိုမင်းသားငယ်လေးကို ကြည့်နေ
သည်.

"ကောင်းပါပြီ jin''

"Joon ဒီနေ့တော့ လျှောက်လည်ကြမယ်''

"မင်းကြီးသိရင်....''

"Joon. ကျွန်တော်က သွားချင်တယ်ဆို လိုက်ပို့လေ''

"ဒါပင်မဲ့ ..''

"Joon ကျွန်တော့ကို မချစ်ဘူးမလား.အဟင့်''

ငိုမဲ့မဲ့ ဖြစ်နေသောကောင်လေးကြောင့် namjoon
စိတ်အစုံကို လျော့ချရင်း

"လိုက်ပို့ပါမယ်..ဒါပင်မဲ့ ကျွန်တော့နားမှာပဲနေပါ''

"အာ့မို့ ချစ်တာ joon''

Stranger From Hell { complete }Where stories live. Discover now