ep - 19 ( final )

587 30 2
                                    

For Unicode

သေချာပေါက်ပြောခဲ့ဘူးတယ်မဟုတ်လား...
အတိတ်တွေကို မပြောင်းလဲဖို့နဲ့ အကယ်၍ပြောင်းလဲခဲ့ရင် ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကိုလေ...

ခံစားချက်မရှိဘူး ...
နာကျင်မှုမရှိဘူး ...
ရုပ် တွေ နာမ် တွေမရှိဘူး ...
ဒီတိုင်း စိတ်နဲ့မြောလွင့်နေမဲ့လေဟာပြင်ပြီးကြီးပဲ ။

ဒီကမ္ဘာပေါ်က သူနဲ့ပတ်သတ်ခဲ့ဘူးတဲ့ လူသားတိုင်းဟာ သူ့ကိုမေ့ပျောက်သွားမယ်ဆိုတဲ့ အသိက နာကျင်စေပင်မဲ့ အနည်းဆုံးတော့ ချစ်ရသူလက်ပေါ်မှာသေဆုံးခဲ့ရတာပဲလေ ~
ဘဝဆက်တိုင်းမှာ မင်းကိုပဲ ချစ်မယ် ၊
မင်းကိုပဲ မြတ်နိုးမယ် ၊ မင်းအတွက်ပဲ ပေးဆပ်မယ်..
ငါ့ အသက်နဲ့ရင်းပြီး ချစ်ခဲ့တာတွေခံစားမိရင် ငါ့အချစ်နဲ့ ငြိမ်းချမ်းပါစေ ချစ်သောဂျွန် ။

___________________°°°°°__________________

" မင်းကြီး ကြွချီလာပါပြီ "

" ဒူ ~~~ ဒူ ~~~ ဒူ "

ကြေးစည်သံအဆုံးတွင် ရွှေဝါရောင် ဇာမဏိဝတ်စုံနဲ့ တောက်ပနေသော မင်းကြီးဂျွန် သည် ရာဇပလင်ထက် ထင်ရှားနေသည်။
မင်းသားငယ် ဂျီမင်နဲ့ ထယ်ယောင်းတို့ရဲ့ သားငယ်လေကို မင်းသားငယ်ရာထူးပေးအပ်ခြင်းဖြစ်သည်။

" အစီစဉ်တွေကို ကိုယ်တော်နှစ်သက်တော်မူတယ် ၊ အစည်းဝေးသိမ်းပြီ ကိုယ်တော်နားတော့မယ် "

အခန်းထဲကလူတွေအကုန် မင်းကြီးဂျွန်ကို အရိုသေပေးပြီး အစည်းဝေးရပ်လိုက်ကြသည်။
.
.
.
.
.
" ကိုယ့်ရဲ့ လစ်ဟာနေတာ မင်းလား "
" ကိုယ်တော်က ဘယ်သူ့ကို ချစ်ခဲ့တာလဲ ? "

ရိုးရှင်းတဲ့ပန်းချီကားချပ်လေးက မင်းကြီးဂျွန်ရဲ့ မျက်နှာပြင်အရှေ့မှာ ချိတ်ဆွဲထားခြင်းဖြစ်သည်။
အမျိုးသားတစ်ယောက်ပုံ ... အတိအကျပြောရရင် မျက်နှာပုံ မပါနဲ့ အမျိုးသားတစ်ယောက်။

ညစဉ်ညတိုင်း မင်းကြီးဂျွန်ဟာ အမျိုးသားတစ်ယောက်နဲ့ သူ့အိမ်မက်ထဲမှာ ရယ်မောနေလိုက်တာ စိတ်လွတ်ကိုယ်လွတ်...
ထိုအမျိုးသားလက်ကို ဖမ်းဆွဲပြီးရေထဲကျသွားတာတောင် အမျက်တော်မထွက်ခဲ့ဘူး...
ညပိုင်း နန်းတော်ပြင်ထွက်ပြီး လျှောက်သွားခဲ့တာတောင် သူပျော်နေတုံး...
နောက်ဆုံးမှာ အထိုအမျိုးသားကိုယ်လေးကို ဖတ်ပြီး သူနင့်နင့်သည်းသည်း ငိုကြွေးခဲ့ရတာ...

Stranger From Hell { complete }Where stories live. Discover now