အပိုင်း(2) Unicode+Zawgyi

2.6K 236 1
                                    

အိပ်ယာပေါ် အခန့်သားတတ်နေသူက အတူအိပ်ယာမျှသုံးရအောင်လို့ မပြောဘဲ အသိပေးရန်သာဖြစ်တယ်။

ဇာတ်ကြောင်းမှာက သူမရဲ့ဇာတ်ကောင်က တစ်ခါမှဖော်ပြထားခြင်းမရှိဘဲ နောက်villainလေးရဲ့စျာပနမှာ
" နောက်ဘဝဆိုတာသာရှိခဲ့ရင် မမရဲ့ညီမလေးအခုလိုအဖြစ်မျိုးမကြုံပါစေနဲ့လို့ မမဆုတောင်းပေးပါတယ်"

ဟုဆိုကာမိခင်ကိုပွေ့ဖက်လိုက်တဲ့အချိန်ပဲ တစ်ခန်းသာပါရှိတယ်။
သူမမွေးစားခံရစဥ်ကလည်းနာမည်တောင် ရေးသားပေးထားခြင်းမရှိသလို အဆုံးသတ်မှာလည်း ကောင်းသည်၊ဆိုးသည်၊ သေသည်၊ရှင်သည် တစ်ခန်းတလေမျှဖော်ပြ​​ရေးသားမထား။
တွေးနေရာကနေ ငိုရမလား၊ရယ်ရမလားပင် သူမ မသဲကွဲတော့။
ညီအမ ဆက်ဆံရေးက သူမအပေါ်တွင်သာ ယခုမူတည်နေလေပြီ။
ကောင်းပြီ ။အခန်းမျှသုံးတာပေါ့ ။မိန်းကလေးချင်းရင်းနှီးမှုလည်းရတယ်။ ကံကောင်းရင် အသက်မသေနိုင်သလို ဇာတ်ကြောင်းပါ ပြင်လို့ရဦးမယ်။
အတွေးတေနဲ့အတူပြုံးလိုက်မိလားပင်မသိတော့။
ကုတင်တစ်ဖက်ခြမ်းမှာအသာဝင်လှဲလိုက်တော့ ခနအကြာ သူမခါးပေါ်မှာ ဖြူဖြူ ဝင်းနေတဲ့သွယ်လျတဲ့လက်တစ်ဖက်ရောက်လာတယ်။

"ဖက်လုံးမရှိရင် မအိပ်တတ်လို့"

!!!!!!

ရှိပါစေတော့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကေျာင်းတတ်ရမှာကို မစိုးရိမ်ဘူးပြောရင် သူမလိမ်ရာကျလိမ့်မယ်။
အရင် သျှန်းနုငယ် ဆိုတဲ့သူမက ကျောင်းသွားတဲ့ပထမဆုံးရက်မှာ အစ်ကို နဲ့အစ်မနှစ်ယောက်အမြဲလိုက်ပို့ပါတယ်။
​ေကျာင်းစတတ်တဲ့နေ့မှာတည်းက စိုးရိမ်စိတ်ကလေးတောင်ဖြစ်မနေ။
ကားပေါ်မှာတစ်လမ်းလုံး အကိုတေ ၊အမတေကို တီတီတာတာချွဲရင်းလိုက်ပါတယ်။
အခုက ငယ်နုသွေးကတော့ မေမေမောင်းတဲ့ကားပေါ် ကားနောက်ခန်းမှာ ညီအမ နှစ်ယောက်ပေမဲ့ မားကလည်းစကားတစ်ခွန်းမဆို။
သူမကလည်းစမပြောရဲ။
အ့ဒီတော့ ကျောင်းကိစ္စပဲစိတ်ရောက်နေတယ်။
ကျောင်းပီးဘွဲ့ရဖြစ်တဲ့သူမကယခုတော့အလယ်တန်းကျောင်းသူ။

ငယ်နုသွေးဆိုတဲ့သူမ ထပ်ပီးသတိမထားလိုက်မိတာကစကားစပီးလာပြောမလားလို့စောင့်နေမိတဲ့ မိုးထက်မြင့်မားဆိုတဲ့ သူမခေါ်တဲ့ မားဆိုတဲ့ ကောင်မလေးကိုပဲ။

My villain girlfriend(complete)Where stories live. Discover now