အပိုင်း(5) Unicode+Zawgyi

1.7K 170 1
                                    

မနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးက ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ လူသားနှစ်ယောက်၊ တစ်နည်းး ကောင်မလေးနှစ်ယောက်ထံ ဖြန့်ကျက်ပေးနေတယ်။

တီ...တီ..တီ...

မြည်လာတဲ့ နိုးစက်သံကြောင့် နားနှစ်ဖက်ကို ခေါင်းအုံးနဲ့ပိတ်လို့ ပြန်အိပ်တဲ့သူရယ်၊ နိုးတစ်ဝက် ၊အိပ်တစ်ဝက်နဲ့ ကုတင်ပေါ် ထထိုင်လိုက်သူရယ်။

"ဒေါက်!! ဒေါက်!!

ထွက်ပေါ်လာတဲ့ တံခါးခေါက်သံနောက်ပါးမှာတော့....

"သမီးး မိုးထက်နဲ့ နုသွေး

မထကြသေးဘူးလား.....

ကျောင်းနောက်ကျမယ်နော်..
ထတော့.. ထတော့"

"ဟုကဲ့... ထပါပီ မေမေ"

နိုးတစ်ဝက်၊ အိပ်တစ်ဝက် ထ ထိုင်နေသူက အခုမှ ကောင်းကောင်းနိုးလာပြီး ပြန်လည်ဖြေကြားလာတယ်။

"ဟုပီ..ဟုပီ
အ့ဒါဆို ကျောင်းသွားဖို့ ပြင်ဆင်ပြီး
အောက်ကို ဆင်းခဲ့ကြနော်..

မေမေ မနက်စာပြင်ထားမယ်။"

္"ဟုကဲ့"

"မား.. ထတော့.. ထတော့ နောက်ကျနေလိမ့်မယ်"

"အင်းးးးး"

နိုးလာတာသေချာတယ်ဆိုမှ သူမလည်း ရေချိုးခန်းထဲဝင်လာပြီး ခန္ဓာကိုယ်  သန့်ရှင်းရမယ့် လုပ်ငနိးစဥ်စလိုက်တော့တယ်။

သူမထွက်လာတော့ မားက လက်နှစ်ဖက်နဲ့  ပုခုံးထိ ရှည်နေတဲ့ဆံပင်ကို ထိုးဖွလို့ အခနိးထဲ ဝင်သွားတယ်။

မှန်ထဲမှာ သူမကိုယ် သူမ ကြည့်လိုက်တော့

မားလောက်မရှည်တဲ့ ဆံပင်ရယ်၊

ဝိုင်းစက်နေတဲ့မျက်လုံး၊

ရှည်လျားတဲ့မျက်တောင်နဲ့

နှာတံစင်းစင်း ၊

အဆုံးသတ်မှာတော့

ပန်းရောင်မက အနီရောင်လည်းသိပ်မကျတဲ့ စိုရဲရဲ ခပ်ဖူးဖူး နှုတ်ခမ်းတစ်စုံက နေရာယူတယ်။

စာအုပ်တွေ ပြန်စစ် ၊ပါ မပါ သေချာကြည့်ပြီးမှ ကျောပိုးအိတ်ထဲ ထည့်လို့ ၊မားအတွက်လည်း ကျောင်းဝတိစုံထုတ်ပေးထားလိုက်သည်။

My villain girlfriend(complete)Where stories live. Discover now