အပိုင်း(9)Unicode+Zawgyi

1.5K 162 6
                                    

သူမ အခု ကျောင်းအသစ်မှာ အထက်တန်းတတ်နေတာ

3ရက်ရှိတဲ့အထိ female lead ကိုမတွေ့ရသေး။

ကျောင်းမဖွင့်ခင် အဆောင်မှာနေတဲ့ ဒုတိယရက်မှာပဲ

ယုက အဆောင် ပြောင်းလာတယ်။

ယုက သူမနဲ့ အခန်းဖော် မဟုတ်ဘူး။

ယုက ပြောင်းလာချင်ပေမဲ့ ပြောင်းလို့မရခဲ့တာ။

ယုက အခန်းဖော် မရောက်လာသေးတဲ့

သူမ အခန်းကို မကြာခန လာလည်တယ်။

မား သူမဆီဖုန်းဆက်လာတိုင်း...

ယုနဲ့လည်း မားက စကားတွေ
ပြောတတ်သေးတယ်။

ယုနဲ့မားက အခုဆို တော်တော်လေး ရင်းနှီးလာကြပြီ။

ကျောင်းတတ်တာ တစ်ပါတ်ပြည့်လို့ အိမ်ကလာလည်တယ်။

လိုအပ်တာတွေလည်း အများကြီးယူလာကြတယ်။

မေမေက အဆောင်မှူးနဲ့ စကားပြော​နေတာမို့ မားက သူမ အခန်းကို လိုက်လာတယ်။

အခန်းတွင်းလှည့်ပါတ်ကြည့်ရင်း
နှစ်ထပ် ကုတင် ကို တွေ့တဲ့အခါ

မားက မျက်မှောင်ကြုံ့လို့ စကားဆိုတယ်။

"ကုတင် နှစ်ခုက ကပ်လွန်းတယ်။

ဘာလို့... နှစ်ထပ်ကုတင်လဲ"

"..... တခြား အခန်းတွေမှာလည်း..

ဒီအတိုင်း..ကုတင်တွေပါပဲ မားရဲ့...

မဟုတ်ရင်လည်း...

အိပ်တဲ့အချိန် ခနလေးပဲကို..."

"လူက.... ရောက်မလာသေးတာလား.."

"ဟုတ်တယ်...."

" "

အခန်းအတွင်းကို စိတ်ကျေနပ်သည် အထိ

ကြည့်ပြီးမှ မားက....

"လာခဲ့......"

"အင့်...."

ဖက်လိုက်တာ တင်းတင်းကျပ်ကျပ်။

တစ်ပါတ်စာ အတိုးနဲ့ ဖတ်တယ်ထင်ရဲ့။

ဆံပင်တွေကိုလည်း
ထပ်ကာ ထပ်ကာ နမ်းရင်းကနေ...

"အ....."

My villain girlfriend(complete)Where stories live. Discover now