အပိုင်း(12)Unicode+Zawgyi

1.5K 163 3
                                    

ကန်တင်းမှာ.လူငါးယောက်ထိုင်နေပြီး
တိတ်ဆိတ်နေတာ.သူမတို့ထိုင်နေတဲ့ဝိုင်းပဲရှိမယ်ထင်တယ်။

ခနအကြာမှ...တိတ်ဆိတ်မှုကို.ဖြိုခွင်းလာသူ...

"ဟိုင်း...အားလုံးပဲ..ကိုယ့်နာမည်..နေ့သစ်ရောင်ခြည်

..lightလို့.ခေါ်လို့ရတယ်..

သွေးရဲ့.....သူငယ်ချင်း..

ကိုယ့်ကို.သွေးလိုပဲခင်လို့ရတယ်"

"ဟီး...ခင်မှာပါ..ငါ့နာမည်က..သက်နှင်းယုပါ...

သူက..မိုးထိဝဋ္ဌာတဲ့..ဝဋ္ဌာလို့.ခေါ်လို့ရတယ်.

..ဒီဘက်က..မိုးထက်မြင့်မား..မိုးထက်လို့ခေါ်ပေါ့..
သွေးရဲ့ညီမလေ..မိုးထက်က"

"သြော်..သွေးရဲ့ညီမလေးလား...

သွေးတို့က.ညီမနှစ်ယောက်လုံး..အချောလေးတွေနော်.."

မားကတော့...ဖြစ်နိုင်ရင်..သူ့ကို..စားပွဲကနေ.ထသွားခိုင်းချင်နေပြီ။

စကားများတယ်။

ရုပ်ကမဆိုးပေမဲ့..ချိုအီနေတဲ့အပြုံးကြီးနဲ့။

ကိုယ်.လို့..နာမ်စားသုံးပြောတယ်။

အဆိုးဆုံးက..ငယ်ငယ့်ကို.သူကြည့်နေတာမရိုးသားဘူး။

စတွေ့ထဲက ဒီလူ အပေါ်..မားရဲ့အမြင်က..လုံးဝminusဘက်မှာရှိတယ်။

"ဒါနဲ့..ဝဋ္ဌာနဲ့.မိုးထက်တို့က..နာမည်က..တစ်မျိုးပဲနော်..

.မသိရင်..ညီအစ်မလို့..ထင်နေမိမှာ.ရုပ်လည်း..ဆင်တော့လေ.."

နုသွေးတော့...အခုချိန်..မျက်လုံးသာ.လှန်လိုက်ချင်တော့တယ်။

ဇာတ်လိုက်က..ရုပ်ချောပေမဲ့..ဘယ့်နှယ့်..စကားရှည်..ပေရှည်...မှန်းမသိဘူး။

"ရုပ်မဆင်ပါဘူး..."

"ဟုတ်ချင်လည်း..ဟုတ်မှာပေါ့.."

မားရဲ့.အငြင်းစကားကို...သဘောကျနေတဲ့.အပြုံးတစ်ခုနဲ့.ဝဋ္ဌာက..တုံ့ပြန်မှု.ပြန်ပေးတယ်။

"အယ်...သွေး..ဟုတော့.ဟုသားပဲနော်..

အခုမှ.သတိထားမိတယ်..နာမည်တွေ.အပြင်..

My villain girlfriend(complete)Where stories live. Discover now