အပိုင်း(11)Unicode+Zawgyi

1.5K 169 3
                                    

အိမ်မှာနေရတဲ့နှစ်ရက်လုံးမှာ..သူမ.တကယ်ပျော်ရပါတယ်။

မားက.သူမကို..အရမ်းကပ်တွယ်လွန်းပေမဲ့။

မားလည်း..သူမလို..အစ်မအရင်း..မဟုတ်တဲ့သူကိုတောင်..
ဒီလောက်ထိ..အလိုလိုက်ပြီး..ချစ်ပေးတာကိုး. းအစ်မ.အရင်းသာဆို..ဘယ်လောက်ထိ ချစ်မလဲ။

ဘာပဲဖြစ်ဖြစ်..အခု..သူမရှိနေပြီပဲဟာ။

သူမလည်း..မားကို..ကာကွယ်စောင့်ရှောက်ပေးရမှာပေါ့။

Villainဇာတ်အတိုင်းပဲဆိုရင်တောင်..

သူမကတော့..မားအတွက်..ဇာတ်လမ်းကို..တတ်နိုင်သမျှပြောင်းလဲပေးလို့..

မားလို..ညီမလေးကို..အများကြီးးချစ်ပေးရမယ်။

...

အခု..သူမတို့က..အဆောင်ကိုပြန်တဲ့..ကားလမ်းပေါ်မှာ။

မားက..သူမပြန်မဲ့.အခုမနက်ကျမှ...သူမကို..ပိုလို့ကပ်တွယ်နေတယ်။

အခုလည်း..သူမလက်ကို..ဆုပ်ကိုင်လို့..လက်ချောင်းတစ်ခုချင်းဆီကို..အနမ်းခပ်ဖွဖွပေးနေတယ်။

မားရဲ့..အပြုအမူ.တိုင်းကို..သူမ.မလွန်ဆန်နိုင်ဘူး။

တစ်ခုခုဆိုလည်း.. အငြင်းစကားမဆိုရဲ။

မားကတော့..ပုံမှန်အတိုင်းပြုမူတာဆိုပေမဲ့..

အပြုအမူတိုင်းကို..လက်ခံရရှိတဲ့.သူမကတော့..မားနဲ့မတူနေဘူး။

မျက်နှာတွေပူရှိန်းလာလို့..နှလုံးခုံ..မြန်လာတယ်။

နှလုံးငြိမ်ဆေးကလည်း..မားနဲ့ဆို..မတိုးဘူး။

အခုလည်း..မားကြောင့်..အမြင့်က.ပြုတ်ကြလာသလို..အေးခနဲ။

ဘာကို..မလုံလဲ.မသိတော့ပေမဲ့..ကားမောင်းနေတဲ့..မေမေ့ကို. လှမ်းလို့..ကြည့်တော့..ကားကိုသာ..ဂရုတစိုက်..မောင်းနေတာကို..တွေ့ရတယ်။

.....

"သမီး...မေမေ..ကားပေါ်ကနေ..

အလုပ်ကိစ္စ.ဖုန်းပြောရင်းစောင့်နေတော့မယ်နော်..

သမီးမိုးထက်ပဲ..မမကို..အိတ်တွေ.

အခန်းထဲ.လိုက်ချကူလိုက်..ဟုတ်ပြီလား"

My villain girlfriend(complete)Where stories live. Discover now