(Extra)

2.6K 160 4
                                    

"မား.."

"အင်ဟင်...ပြောလေ.ငယ်ငယ်.."

ဆိုဖာပေါ်ထိုင်နေရင်း..နုသွေးကိုရင်ခွင်ထဲထည့်ဖက်ထားပြီး..နုသွေးရဲ့လက်ချောင်းလေးတွေကိုတစ်ချောင်းချင်းဆီအနမ်းဖွဖွပေးနေတဲ့မားက.
.နုသွေးရဲ့စကားကိုတော့သေချာလေးနားထောင်နေပုံမို့..စကားကိုပြန်ဆက်ရတယ်။

"မား..ပြန်လည်မွေးဖွားတာတို့...၊အချိန်ခရီးသွားတာတို့..အဲ့တာမျိုးတွေကိုယုံလားဟင်.."

"အင်း...ဘယ်လိုပြောရမလဲ..ဆိုတော့."

မားကိုကျောပေးပြီးထိုင်နေရင်းကနေ..မားရဲ့မျက်နှာကိုအသေအချာလေးကြည့်လို့..ပြောလာမဲ့စကားကို..နားထောင်နေမိတယ်။

မားရဲ့အဖြေက..တကယ်အရေးပါတယ်။

"ကိုယ်မသိတိုင်း...မမြင်ဘူးတိုင်း..မယုံဘူးရယ်လို့တော့..မဟုတ်ပါဘူး..ကိုယ်မသိနိုင်တဲ့တစ်ဖက်မှာ..အဲ့လိုအရာမျိုးတွေက..တကယ်လည်းရှိနေနိုင်တယ်လေ..ပြီးတော့..scienceသဘောတရားနဲ့သက်သေပြထားတာတွေလည်းရှိနေတာပဲမဟုတ်လား..."

တစ်ခုခုကိုအလေးအနက်နဲ့စဥ်းစားနေပုံပေါ်တဲ့ငယ်ငယ့်ကြောင့်..

"အဟွန်း..ပြောပါဦးငယ်ငယ်ရဲ့..မားကိုဘာဖြစ်လို့မေးတာလဲ..ဟင်.."

"အဲ့တာက..ဟို..ငယ်ငယ်.."

"မဟုတ်မှ..ငယ်ငယ်က.."

တဒိတ်ဒိတ်နဲ့အခုန်မြန်လာတဲ့ရင်နဲ့မားကိုအလန့်တကြားမော့ကြည့်မိတယ်။

"ဟော်..ကဲ..ဘာတွေလန့်သွားရပြန်တာလဲငယ်ငယ်ရဲ့..မားပြောတာက..ငယ်ငယ်က..အဲ့တာတွေကိုစိတ်ဝင်စားလို့လား..လေ့လာမလို့လားလို့မေးမလို့ပါ..ငယ်ငယ်ရဲ့..မွစ်.."

သွေးရောင်ခြယ်လို့..ဖောင်းပြည့်နေတဲ့ပါးနုနုတစ်ဖက်ပေါ်ကို..အနမ်းတစ်ပွင့်ခြွေချမိတယ်။

"ဟီး...မဟုတ်ပါဘူး..မားကလည်း..စိတ်မဝင်စားပါဘူး..လေ့လည်းမလေ့လာပါဘူး..ငယ်ငယ်ပြောချင်တာက..ဟို...

တကယ်လို့..ငယ်ငယ်က...အချိန်ခရီးသွားတာ..အင်..အဲ့လိုမဟုတ်သေးဘူးထင်တယ်..

ပြန်လည်မွေးဖွားတာတို့..transmitgrationလိုကူးပြောင်းလာတာမျိုးဆို..ဘယ်လိုလုပ်မလဲဟင်.."

My villain girlfriend(complete)Where stories live. Discover now