အပိုင်း (14)Unicode+ Zawgyi

1.4K 157 1
                                    

"မိုးထက်..ရော့ ဒါလေးစားကြည့်.."

"မိုးထက်..ဒါလေး.စား.."

"မိုးထက်.."

"မိုးထက်...."

ထမင်းစားနေတဲ့.တချိန်လုံး..မားရဲ့.နာမည်ကို..ဂါထာရွတ်သလို.အဆက်မပြတ်ခေါ်ရင်း..မားရဲ့ပန်းကန်ထဲဟင်းတွေပြည့်နေအောင်ထည့်ပေးနေတဲ့သူ..လင်းညှို့်။

မားနဲ့အရွယ်တူ.သူမထက်ငယ်တဲ့ဒီကောင်လေးကို..တခြားအခြေအနေမှာခင်မိမှာပေမဲ့..အခုတော့မတူတော့ဘူး။

ကြည့်ရတဲ့.သူမ..မျက်စိစူးနေမိတယ်။

မားကလည်း.အရင်လို.သူမကို..ဟင်းတွေမထည့်ပေးတော့ဘူး။

အရိုးလည်း.နွှင်မပေးဘူး။

တခြားအချိန်တွေမှာလည်း..
အရင်က.သူမရဲ့မားလို..အခုလက်ရှိမားက..အနမ်းတွေကို.လိုလိုချင်ချင်မပေးတော့ဘူး။

ညအိမ်ခါနီး..သူမဘက်ကစရတဲ့..မားရဲ့နှဖူးပြင်ထက်.အနမ်းတစ်ပွင့်ပဲရှိတယ်။

ဟွန့်..ဘယ်သူ့ကိုစိတ်ဆိုးရမလဲမသိတော့ဘူး။

မြင်မြင်သမျှ..ဘာတစ်ခုမှကြည့်ရတာ.အဆင်ပြေမနေဘူး။

....

ထမင်းစားလို့.ပြီးသွားတော့လည်း..မားက..သူမအတွက်..bubble tea ဝယ်ပေးဖို့သတိမရဘူး။

သူ့.သူငယ်ချင်း..လင်းညှို့နဲ့.အတန်းပြန်သွားတယ်။

ပြောပါတယ်...မားကသူမအပေါ်..အရင်လို.မဟုတ်တော့ဘူး။

ဘေးက... ယုကတောင်..အံသြနေတယ်..သူမနဲ့မား.ရန်ဖြစ်ထားတယ်ထင်ပြီး။

..

"သေွး..."

သူမ.အရှေ့ရောက်လာတဲ့..bubble teaဘူးလေး။

"အော်..နေ့သစ်.."

"ဟွန်း...တချို့.တချို့တွေများနော်..အရမ်းဘက်လိုက်တာပဲ...

သွေးတယောက်တည်း..ပါးစပ်ပါတာ.မဟုတ်ပါဘူးနော်..ကိုယ်တွေလည်း..ပါပါတယ်..

bubble teaတင်မကဘူး..တခြား.မုန့်တေဘာတေလည်း..စားနိုင်ပါတယ်..

ဗိုက်ကအများကြီးဆန့်ပါတယ်..."

My villain girlfriend(complete)Where stories live. Discover now