အပိုင်း(4)Unicode+ Zawgyi

1.9K 182 6
                                    

စကားပြောမယ်လို့ပြောခဲ့ပေမဲ့ ခုချိန်ထိ ဘယ်ကစပြောရမလဲမသိဘူး ဖြစ်နေတယ်။

"မား...."

"      "

"မေမေက မွေးစားလိုက်လို့
မမကို မားက အစ်မ မတော်ချင်လည်းရပါတယ်။"

"မားနေရာမှာ မမဆိုလည်း
မားလိုပဲဖြစ်မှာပဲ။"

"မမကို သိပ်အမြင်မကြည်တာလဲသိပါတယ်။"

"ဒါပေမဲ့ ....အခုကစပီး
မမတို့ တစ်ယောက်ဘက်ကို တစ်ယောက်

မြင်အောင်ကြည့်ပီး ရင်းရင်းနှီးနှီးနေကြရအောင်လား။"
" အခုချက်ခြင်းရင်းနှီးဖို့ကမလွယ်ဘူးဆိုတာလည်းသိပါတယ်။ "

"တဖြည်းဖြည်းနဲ့ ။ "

"မေမေကလည်း အ့ဒီလိုပဲဖြစ်စေချင်မှာပါ။ "

"အစ်မအရင်းလို သဘောမထားပေးနိုင်မှန်းသိပေမဲ့
ခုကစပီး ကြိုးစားကြည့်ုကြရအောင်လား။ "

ပြောချင်တာတွေများကြီးပြောပီးမှ မား နားထောင်နေရဲ့လားကြည့်တော့

အင်းး သေချာလေး နားထောင်ပေးပီး စဥ်းစားနေတဲ့ပုံပေါ်ပါတယ်။

"အင်းး အစ်မအရင်းလိုတော့ သဘောထားပေးနိုင်မှာမဟုတ်ဘူး။ "

ဘာလို့ဆို သူမရဲ့အစ်မ အရင်းက. နုငယ်သွေးဆိုတဲ့သူမ မဟုတိသလို၊
နုငယ်သွေးကို အစ်မလို သဘောထားပေးလို့မရဘူး။
အပိုင် သိမ်းထားချင်သလို၊ အရုပ်လေးတရုပ် ကောက်ရလိုက်သလို။
ဘာလို့လဲ၊ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ သူမ မသေချာသလို၊ သိလညိးမသိချင်သေးဘူး။

"     " !!!!!!!!!

"ဒါပေမဲ့ ကျန်တဲ့ အချက်တေကတော့ သဘောတူတယ်။

ကြိုးစားကြည့်ကြတာပေါ့။
  ရင်းရင်းနှီးနှီးကနေ ၊ လျှို့ဝှက်ချက်ဆိုတာ နှစ်ယောက်ကြား မရှိလောက်အောင်ထိ"

"     " !!!!! အိုက်ယား.... ကြက်သီးထလာသလို ခံစားချက်ကြီးရနေပါလား။

"ဟီးးး "  ဘာပြောရမှန်းမသိစွာပဲ ရယ်ပြလိုက်တယ်။

"တစ်ခါလောက် အခု ....ဖက်ကြရအောင်"

"       "   !!!!!!!!!!

"သဘောတူညီမှုရတဲ့အနေနဲ့ပါ။ "

My villain girlfriend(complete)Where stories live. Discover now