1. What is my name?

7.5K 484 181
                                    

Unicode

ဘဝ ဆိုတဲ့ အဓိပ္ပာယ်ကို
အသေအချာ၊ အတိအကျ
စာဖွဲ့မပြောပြတတ်သော်လည်း
သေချာတာကတော့ ဘဝပေါင်းများစွာ
ဖြတ်သန်းပြီးနောက် ကျွန်တော့်ရဲ့
ဘဝအသစ် တစ်ခု စတင်ခဲ့ပြန်ပါပြီ .....

ထူးခြားလှပတဲ့ ဘဝသစ်လေးဖြစ်ဖို့ပဲ
မျှော်လင့်မိပါတယ်ဗျာ ....။

***

"Annyeong ! မင်္ဂလာပါ"

ကျွန်တော်ကတော့ Pomeranian အမျိုးအစားဖြစ်ပြီး တကိုယ်လုံးကတော့ အနက်ရောင် အမွှေးပွလေးတွေ ရှိကာ မျက်နှာကတော့ အဝါရောင်လေးတွေနဲ့ရောစပ်ထားသော ချစ်စရာသိပ်ကောင်းတဲ့ ခွေးသေးသေးလေးပဲ ဖြစ်ပါတယ်။

ကျွန်တော်မွေးကာစတုန်းကတော့
ကျွန်တော့မှာ တအူတုံဆင်း
မွေးချင်းမောင်နှမတွေလဲရှိပြီး
မိခင်ခွေးမကြီးရဲ့နို့ကိုလဲ အတူတူ ဝိုင်းအုံပြီး စို့ခဲ့ရတယ်။

တကောင်နဲ့ တကောင်
အလုအယက်နို့စို့ရတာ ပျော်စရာကြီး ။

ခွေးမောင်နှမတွေကြား မညှာတာချင်လို့တော့ မဟုတ်ပါဘူး ၊ နို့ရဲ့ အရသာက သိပ်​ကောင်းလွန်းတော့ ပါးစပ်မလွှတ်နိုင် ဖြစ်ခဲ့ကြရတာပါ။

အဲ့သည်တော့လဲ ဝိုင်းအုံလုကြရတာပေါ့။

ဦးသူ၊ လျှင်သူ ၊ သွက်လက်သူ၊
အင်အားပိုကြီးသူက နို့ပိုစို့လို့ရ​စတမ်းပေါ့လေ။

ဟော... ဒီအချက်အားလုံးနဲ့ ပြည့်စုံတဲ့ ကျွန်တော်က
နို့ကောင်းကောင်း စို့ယူ သောက်သုံးခွင့်ရတော့ ဝဝကစ်ကစ် လုံးလုံးလေးနဲ့
လူမွှေးလူယောင်ပြောင် (အဲလေ)
ခွေးမွှေးခွေးယောင်ပြောင်ပြီး
တောက်ပနေခဲ့တော့တာပေါ့ ။

ဒါ့ကြောင့်လဲ လသားအရွယ်လောက်မှာတော့ ကျွန်တော်ဟာ ရောင်းကုန်ပစ္စည်းတစ်ခုလိုမျိုး
ဆိုင်လှလှလေးတစ်ခုအတွင်းရှိ
ကျွန်တော့အတွက်လုပ်ပေးထားတဲ့
ခွေးအိမ်လှလှလေးထဲမှာ နေခွင့်ရခဲ့တယ်။

ဆိုင်အတွင်းရှိ တခြားခွေးတွေလဲ ကျွန်တော့အလားတူပါပဲ ၊ ကိုယ်ပိုင်အိမ်ကိုယ်စီနဲ့ ။

Tannie In Love [ Completed ]Where stories live. Discover now