4. His Soulmate

2.2K 324 201
                                    

Unicode ‼️

ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ရာ ​ခပ်ချောချော အကိုရှိရာဆီ တဟုန်ထိုးပြေးနေမိတာ မရပ်မနား။

လမ်းတလျှောက် ဖြတ်သွားမိတဲ့ ခုံတန်းပေါ်က လူတွေကတော့ ကျွန်တော့်ကို လိုက်ငေးနေကြလေမလားပဲ။

သူတို့အတွက် ကျွန်တော်က အထူးအဆန်းတစ်ခုလို ဖြစ်နေမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂရုစိုက်မှာ မဟုတ်။ ပြေးနေခြင်းအမှုကို အဆုံးသတ်မည် မဟုတ်ပေ။

ဟော.... နောက်ဆုံးတော့ ပန်းတိုင်ဆီသို့ ရောက်ကာနီးပြီ ။ ထင်ထင်ရှားရှား လှမ်းမြင်နေရလေပြီ။

ထိုအစ်ကိုကတော့ အခြေအနေကို ဘာမှမသိ ။
အအေးဗူးလေးကို ကိုင်လျက် မော့သောက်ဖို့ဟန်ပြင်နေတဲ့ အနေအထားရှိနေတယ်။

အိုကေ ဒါ ကျွန်တော့်အတွက် အခြေအနေကောင်းပဲ။

ဝမ်း ... တူး .... သရီး

အရှိန်နဲ့ အပြေးလေး ထိုအစ်ကို ပေါ်ကို ခုန်တက်လိုက်လေသည်မို့

"အမေ့... အမေ့... ဘာကြီးလဲ"

​အထိတ်တလန့် အော်သံနဲ့အတူ သူ့လက်ထဲမှ သောက်ရန်ပြင်နေတဲ့ အရည်တွေကလဲ လှုပ်ရမ်းသွားကာ ပါးစပ်ထဲမရောက်တော့ဘဲ ပါး၊ နှုတ်ခမ်း၊ မေးစေ့ နှင့် လည်ပင်းတလျှောက်မှသည် အဖြူရောင် ရှပ်အကျီလေးပေါ်သို့ ဖိတ်စင်ကုန်လေတော့သည်။

အနီးအနားမှ တခြားလူများရဲ့ အော်သံကြောင့်လဲ ထိုဝန်းကျင်တဝိုက် အုတ်အုတ်ကြွတ်ကြွတ်တော့ ဖြစ်သွားသည်။

ကျွန်တော်ဖြစ်စေချင်တဲ့ အနေအထားတစ်ခုထိ ရောက်သွားပြီမို့ ကျေနပ်စွာပင် "ဝု...ဝု" အော်ရင်း
သူ့ပေါင်လယ်နားလောက်ထိ အသာကုတ်တွယ်ထားတဲ့ ကျွန်တော့်လက်တွေကို ဖြေလျော့ကာ မှီတွယ်ထားတဲ့ သူ့ကိုယ်ပေါ်မှ ပြန်ဆင်းပေးလိုက်သည်။

"တန်နီး... တန်နီး... တန်နီးရာ့"

ကဲ... သခင့်အသံကြားပြီ။
သခင်အပြေးလိုက်လာပြီပေါ့...။
အိုခေ လိုချင်တာ ဒါပဲလေ။
ဒါဆို.. ကျွန်တော့်တာဝန်လဲ ပြီးပြီ။

Tannie In Love [ Completed ]Donde viven las historias. Descúbrelo ahora