12. TANNIE

785 84 56
                                    

ဘဝ ဆိုတဲ့ အဓိပ္ပာယ်ကို
အသေအချာ၊ အတိအကျ
စာဖွဲ့မပြောပြတတ်သော်လည်း
သေချာတာကတော့ ဘဝပေါင်းများစွာ
ဖြတ်သန်းပြီးနောက် ကျွန်တော့်ရဲ့
ဘဝအသစ် တစ်ခု စတင်ခဲ့ပြန်ပါပြီ .....

ဒီဘဝလေးကတော့
ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်း
ထူးခြားလှပတဲ့ ဘဝသစ်လေးဖြစ်မှာ
သေချာပါတယ်။

ဘာလို့လဲဆိုတော့

ဘဝအဆက်ဆက် ကျွန်တော်ရှာနေခဲ့တဲ့
ကျွန်တော်ရဲ့ သခင်
ကင်ထယ်ယောင်း ကို ရှာတွေ့ခဲ့ပြီလေ။

"တန်နီး... သခင့် ဆီ ပြန်လာပါပြီ"

***

"Annyeong ! မင်္ဂလာပါ"

ကျွန်တော်ကတော့ တန်နီးလို့ သခင်က
ပြန်လည်မှည့်ခေါ်ထားတဲ့
ခွေးသေးသေးလေးပဲ ဖြစ်ပါတယ်။

အရင်တုန်းက ခေါ်ကြတာက ဘိုဒီးတဲ့ ။

အခုတော့ နာမည်အစစ်အမှန်ဖြစ်တဲ့
'တန်နီး' လို့ပဲ အားလုံးက ခေါ်ကြတော့တယ်။

အမွှေးကတော့ အဖြူရောင်လေးပေါ့ ။
တကယ်လုံး ဖြူစွတ်နေတာ။

ဒါပေမဲ့ သခင့်ရဲ့ သူငယ်ချင်းတွေကတော့
ကျွန်တော့်ကို မဲလုံးလို့ပဲ ခေါ်ဆဲပါပဲ ။

ဘယ်လိုခေါ်ခေါ် စိတ်မဆိုးပါဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော်က လှတယ်လေ။
ချစ်စရာလဲ ကောင်းတယ်မလား။

အားလုံးရဲ့ အချစ်တော် တန်နီးလေးပေါ့။

ကျွန်တော့်ရဲ့ သခင် နှစ်ယောက်ကတော့
တန်နီးလေးကို သိပ်ချစ်တာ ။

ကျွန်တော်ကလဲ သူတို့နှစ်ယောက်ကို
သိပ်ချစ်တယ်လေ ။

ကျွန်တော့် သခင်နှစ်ယောက်လုံးက
အရမ်းလဲချောတယ် ။

သခင်ထယ်ယောင်း ငယ်ငယ်တုန်းကတော့
ဆံပင်ကောက်ကောက်လေးနဲ့
မျက်မှန်အဝိုင်းလေးတပ်ပြီး
စာကြမ်းပိုးရုပ်ဆိုလား အဲ့လိုပုံဖမ်းခဲ့ပေမဲ့
အခုကျတော့ ဆံပင်ရှည်ရှည်လေးနဲ့မို့
သခင်က ပိုလှသွားလိုပဲ။

သခင်ဂျောင်ကုကလဲ အမြဲကြည့်ကောင်းနေရောပါပဲ။
တောင့်တင်းခိုင်မာတဲ့ ကိုယ်နေဟန်ထားတွေနဲ့ သခင်ဂျောင်ကုက ဆွဲဆောင်မှုရှိဆဲ။

Tannie In Love [ Completed ]Where stories live. Discover now