5. His Dating

2.1K 288 267
                                    

Unicode‼️

အချစ်ဆိုတဲ့အရာက
တကယ် ဆန်းကြယ်လွန်းလှပါတယ်။

ကိုယ်ကပဲ တဖက်လူကို စိတ်ဝင်စားပြီး ချစ်နေမိတယ်လို့ ထင်ခဲ့ပေမဲ့ ထိုတဖက်လူကလဲ ကိုယ့်ကို စိတ်ဝင်စားရင်း တိတ်တခိုး ချစ်နေတဲ့သူ ဖြစ်နိုင်ပါတယ်။

အမှန်တကယ်ဆို နှစ်ဦးနှစ်ဖက် ခံစားချက်တွေ ထုတ်ဖော် ဖွင့်ဟပြရဲတဲ့ သတ္တိရှိဖို့ပဲ လိုတာပါ ..။

*****

ရက်ပေါင်းများစွာ ကုန်လွန်ပြီးနောက်

သခင်က အခုဆို ဂျောင်ကု ဆိုတဲ့အစ်ကိုနဲ့ ချစ်သူတွေ ဖြစ်သွားကြပြီတဲ့လေ။

သူတို့နှစ်ဦးတွေ့ဆုံတဲ့အချိန်မှာ နှစ်ယောက်စလုံးထံကနေ ဘာ့ကြောင့် ထူးခြားတဲ့ အမွှေးနံ့လေး တစ်ခု ထွက်နေခဲ့ရသလဲဆိုတဲ့ အကြောင်းအရင်းကိုလဲ ကျွန်တော် သေသေချာချာနားလည်သွားပါပြီ ။

အခုဆို

ချစ်တယ် .... ဆိုတဲ့ စကားကို ပြုံးနေတဲ့ မျက်နှာအနေအထားလေးနဲ့
သခင်က ညတိုင်းလိုနီးပါး ဖုန်းထဲကနေ ပြောတယ်။

တက်ကြွ ပျော်ရွှင်နေတဲ့ ပုံစံလေးနဲ့ ကျောင်းကို သွားတယ်။

ပျော်နေတဲ့ သခင့်ပုံရိပ်လေးကို ကြည့်ရတာ
တကယ် စိတ်ချမ်းသာစရာကောင်းပါတယ်။

ဟော ... သခင် အခန်းထဲကနေ ထွက်လာပြီ။

သခင့်မျက်နှာလေးကြည့်ရတာ ထူးခြားနေသလိုပဲ ။ ဒါမှမဟုတ် ကျွန်တော် မမြင်ဖူးသေးတဲ့ အဝတ်အစား အသစ်တွေ​ကြောင့်များလား ။ ပုံမှန်ထက် သခင်
ဒီနေ့ အရမ်းကို ပိုပြီး ချောမောခန့်ညားနေတယ်လို့ ကျွန်တော် ခံစားမိတယ်။

ကြည့်ရတာ အပြင်သွားတော့မယ် ထင်ပါ့ ။ ကျွန်တော်လဲ လိုက်ချင်လိုက်တာ ။

ခေါ်ပါလားဟင် ... သခင် ။

အသနားခံသလို မျက်လုံးရွဲကြီးနဲ့ သခင့်ကိုကြည့်ပြီး ဝု... ဝု ဆို အော်လိုက်မိတယ်။

"လာ... လာ ... တန်နီးရေ ... ကိုကို နဲ့ အပြင် သွားရအောင်"

yes! ..  ဒါပဲလေ..  ငါ့သခင်ထယ်ယောင်းကွ ။

Tannie In Love [ Completed ]Where stories live. Discover now