9. Memories (Tae's Pov)

1.1K 131 170
                                    

Unicode ❤️

ရိုးရှင်းအေးချမ်းစွာ ဖြတ်သန်းလိုတဲ့
ကမ္ဘာငယ်လေးထဲမှာ

ဂျွန်ဂျောင်ကုဆိုတဲ့
နှလုံးသည်းပွတ်သဖွယ်
ဘဝကြင်ဖော်လေးရယ် ...

ယွန်းတန်နီး ဆိုတဲ့
မြတ်နိုးရာ ခွေးလိမ္မာလေးရယ်ကတော့
မရှိမဖြစ် အလိုအပ်ဆုံးပါ။

:•*:•*: Tannie In Love :•*:•*:

❣️(1) ပျော်ရွှင်ခြင်းဆိုတာ ဒါလား❣️

16 နှစ်ပြည့် မွေးနေ့မှာ မိဘနှစ်ပါးထံမှ အမှတ်တရ မွေးနေ့လက်ဆောင်အဖြစ် မြတ်နိုးရာလေးတစ်ခုအား ကျွန်တော်လက်ခံရရှိခဲ့သည်။

ထိုအရာကတော့ ခွေးပေါက်လေးတစ်ကောင်။

ကျွန်တော့်အချစ်လေး။

သူ့နာမည်က

"Tannie"

မှတ်မှတ်ရရ ထိုနေ့က သင်တန်းမှာ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂျီမင်းနဲ့တောင် "နှစ်တိုင်းမွေးနေ့လက်ဆောင် ပေးနေကျ မိဘတွေဆီက ဒီနှစ်ရော ဘာလက်ဆောင်ရမလဲဆိုတာ ရင်ခုန်မိတဲ့အကြောင်း" ပြောဖြစ်ခဲ့သေးသည်။

"ဂိမ်းစက် လက်ဆောင် ပေးလောက်သည်" ဟု သူက ဆိုတော့ ဖြစ်နိုင်တယ် ဟုသာ မှတ်ချက်ချမိခဲ့သည်။

အဲ့သလိုကနေ ကျွန်တော့်အခန်းထဲက ကုတင်ပေါ်ဝယ် ခွေးအိမ်ငယ်လေးတစ်ခုကို တင်ထားပြီး ထိုအိမ်လေးထဲကနေ ကျွန်တော့်အား မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့တဲ့ခွေးပေါက်လေးကို မြင်လိုက်ရချိန်မှာတော့

"သားအတွက် မွေးနေ့လက်ဆောင်က ပါပီလေးလား"

ဟု အော်ရင်း ထိုအရာဆီသို့ ကစုန်ပေါက်ပြေးသွားကာ အပျော်လုံးတွေ ထကြွခဲ့ရသည်။

တကယ်တမ်း လက်ဆောင်ရသည့် အရာမှာ ထိုခွေးပေါက်လေး ဖြစ်နေခဲ့တော့ ကျွန်တော့်ပျော်ရွှင်ခြင်းတွေဟာ အတိုင်းအဆမဲ့။ မွေးနေ့သက်တမ်းတလျှောက် 16 နှစ်ပြည့်မွေးနေ့လေးက အပျော်ဆုံးဆိုတာယုံ ။

ဒါ့အပြင် ခွေးလေးအား စွေ့ကနဲ ကောက်ယူပွေ့ချီပြီး ဖက်ထားလိုက်တော့လဲ အစပိုင်းခပ်စိမ်းစိမ်းဖြစ်ဟန်ရှိတယ်လို့ ထင်ခဲ့မိတဲ့ ထိုပါပီလေးက တကယ်တမ်း ကျွန်တော့်လက်လေးအား သူလျှာဖျားလေးနဲ့ ပွတ်သပ်ပြီး ရင်းနှီးသမှုပြုလာလေတော့ ဟောဒီကလူရဲ့ချစ်ခြင်းအစုံက ချက်ချင်း ကြွေဆင်းပြီးသား။

Tannie In Love [ Completed ]Where stories live. Discover now