11. Never Ending (Tae's Pov)

561 74 21
                                    

Unicode 📌

(၆) နှစ်ကြာမြင့်ခဲ့ပြီးနောက်

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးပြီး
အသက်တွေလဲ တဖြည်းဖြည်းကြီးလာခဲ့ပြီ ။

အခုချိန်မှာတော့ ကင်ထယ်ယောင်းဆိုတဲ့
ကျွန်တော်က တက္ကသိုလ်ကျောင်းသားလေး
မဟုတ်တော့ ။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့ အရွယ်သို့ ရောက်ခဲ့လေပြီ ။

ငယ်စဉ်ကတော့ အဆိုတော် Idol လုပ်ချင်တယ်ဆိုပြီး ရည်မှန်းချက် ရှိခဲ့ပေမဲ့ ကျောင်းပြီးတော့
ဂျောင်ကုနဲ့ နှစ်ယောက်ကမ္ဘာထူထောင်ချင်တဲ့ဆန္ဒတွေနဲ့ စောလျင်စွာလက်ထပ်ဖြစ်ခဲ့လိုက်သည်မို့ အဆိုတော်လုပ်ချင်တဲ့ စိတ်ကူးကို
လက်လျော့လိုက်ပြီ ဖြစ်တယ်။

ဒါ့ကြောင့်လဲ အေးအေးချမ်းချမ်းလေး နေထိုင်ရတဲ့ဘဝကို မြတ်နိုးသူပီပီ ပန်းလှလှလေးတွေ
ရောင်းချတဲ့ ဆိုင်လေးကိုပဲဖွင့်ပြီး
ပန်းဆိုင်ပိုင်ရှင် သူဌေးလေး လုပ်ခဲ့တော့တယ်။

ချစ်ခင်ပွန်း ဂျောင်ကုကတော့ လက်မထပ်ခင်က Underground Dancer သမားဘဝနဲ့
လှုပ်ရှားခဲ့ပေမဲ့ တေးရေးတဲ့ဘက်မှာလဲ
ထူးချွန်ခဲ့လေတော့ သူရေးတဲ့ သီချင်းတွေက
လူကြိုက်များပြီး အောင်မြင်သွားရာကနေ
ကျွန်တော်နဲ့ လက်ထပ်ပြီးသွားတဲ့နောက်မှာတော့ တေးရေးဆရာ/ ထုတ်လုပ်သူ Producer Jeon အဖြစ်သာ အခြေတကျနဲ့ လုပ်ကိုင်လျက်ရှိတယ်။

ဘာပဲဖြစ်ဖြစ် ချစ်ရသူနဲ့ အတူ ထူထောင်ခဲ့တဲ့အိမ်ထောင်သည်ဘဝလေးက သာသာယာယာ
ငြိမ်းငြိမ်းချမ်းချမ်းလေး ။

တက္ကသိုလ်မှာ ပညာဆည်းပူးရင်း
အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့တဲ့ ဂျီမင်း ၊
ဟိုဆော့ နဲ့ ယွန်းဂီ တို့မှာလဲ မိမိနည်းတူ ချစ်ရသူ ကိုယ်စီနဲ့ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေကြလေပြီ ။

ယွန်းဂီကတော့ ကျောင်းပြီးချိန်မှာ သူမိဘတွေ ရှိရာ အီတလီကို ပြောင်းရွှေ့နေထိုင်ရင်းကနေ
ဟိုမှာ ဆုံစည်းခဲ့တဲ့ Chim Chim ဆိုတဲ့ ကိုရီးယားစပ်ကပြားလေးနဲ့ တအိုးတအိမ်ထူထောင်လိုက်တယ်။

ထူးဆန်းတာကတော့ ထိုကောင်လေးက ဂျီမင်းနဲ့ အမြွှာတွေလို့တောင် ပြောလို့ရလောက်သည်အထိ ရုပ်ဆင်နေခြင်းပင်။

Tannie In Love [ Completed ]Where stories live. Discover now