10. Unforgettable (Tae's Pov )

637 82 46
                                    

Unicode 💓

ချစ်တယ်
မုန်းတယ် ။
ဆုံစည်းတယ်
ထို့နောက် ဝေးကွာသွားရပြန်တယ်။

အချစ်အမုန်း
ဆုံစည်းခြင်းဝေးကွာခြင်း
အရာအားလုံးဟာ ဆက်စပ်နေခဲ့တာမို့
နှလုံးသားတခြမ်း
ဟက်တက်ကွဲကြေခဲ့ဖူးတယ်။

~~~~~~ *: Tannie In Love :* ~~~~~~

❣️(4) ပြည့်စုံခြင်း ဆိုတာ ဒီလိုလား❣️

"ဂျောင်ကုကီးလေး...
အစ်ကို့ရဲ့ ကလေးလေး
အသဲအူကြူးလေး" ဟု နှုတ်ဖျားမှ ချစ်စနိုးမှည့်ခေါ်ရတဲ့ ဂျွန်ဂျောင်ကု ဆိုသည့် ထိုလူသားလေးနဲ့ ချစ်သူဖြစ်ပြီးနောက် ကျွန်တော့်နေ့ရက်များက ပိုပြီး ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်လာခဲ့သည်။

တနှစ်နီးပါး တဖက်သတ်ချစ်ခဲ့ရတဲ့ ကိုယ့် Crush က အခုချိန်မှာတော့ ကိုယ့်ကောင်လေး ဖြစ်နေခဲ့ပြီဆိုတာ မယုံကြည်နိုင်စရာ။

မထင်မှတ်နိုင်လောက်အောင် ဖြစ်တည်နေခဲ့ပေမဲ့ ထိုအရာသည် အိမ်မက်မဟုတ် ၊ ထယ်ယောင်းဆိုတဲ့ကျွန်တော်က ဂျောင်ကုဆိုတဲ့ သူလေးထံမှ သဲသဲလှုပ်ချစ်ခြင်းခံနေရသည်မှာလဲ တကယ့်လက်တွေ့ ။

ချစ်မေတ္တာတွေက ဤသို့နှယ် အတိုင်းအဆမဲ့။

ကျွန်တော့်အနားမှာ သိပ်ချစ်ရတဲ့ ချစ်သူရော
မြတ်နိုးရာလေးဖြစ်တဲ့ တန်နီးလေးရော ရှိခဲ့သည်မို့
ဘဝကပြည့်စုံသည်ထက် ပိုခဲ့၏။

ကျွန်တော်သွားရာ တကောက်ကောက်လိုက်တတ်တဲ့ တန်နီးလေးကလဲ ချစ်မဝလေးပါပဲပေါ့။

အပြင်သွားမယ်ဆို သခင့်ထက် သူက ပိုပြီး ပျော်နေတတ်ကာ တက်ကြွနေတတ်သေးတာ။ တိရစ္ဆာန်ဖြစ်သော်ငြား လူသားနီးပါး အသိဉာဏ်ရှိကာ နားလည်လွယ်သူမို့ အချစ်ပိုရသည်။

ကျွန်တော်နဲ့ ဂျောင်ကု Dating လုပ်တဲ့ နေရာတိုင်းကို တန်နီးလေးက အမြဲလိုက်နေကျပါပဲ။ မခေါ်မိဘဲ ထားခဲ့ရင်လဲ သူလေးက စိတ်ဆိုးကြောင်းကို ပြတတ်သေးသည်။ ထိုအချိန် သူကိုက်ပစ်လိုက်တဲ့ ဆိုဖာလေးတို့ ၊ စောင်သားအိအိတို့က ကြားထဲက ဓားစာခံဖြစ်ခဲ့ရတယ်ပေါ့လေ။ အဲ့တာကြောင့်လဲ တန်နီးလေးကို မထားခဲ့ရက်တော့ဘဲ သွားရာနေရာမှန်သမျှ ခေါ်ဖြစ်ခဲ့တော့သည်။

Tannie In Love [ Completed ]Where stories live. Discover now