Part(1)

8.7K 315 2
                                    

ပေကျင်းမြို့ လမ်းအများစုမှာ နှင်း​တွေက ဟိုတစ ဒီတစ။
လွန်​ခဲ့သည့်​တပတ်​​လောက်​ကတည်းက ကျ​နေသည့်​နှင်းထူထပ်​မှူ​ကြောင့်​ တချို့​နေရာ​တွေဆိုကားလမ်း ​တွေပိတ်​ထားရသည်​။
နဂိုကတည်းက ကားကျပ်​​နေကျမို့ အခုဆိုနှင်းထူထပ်​မှူ​ကြောင့်
ကားလမ်း​တွေမှာ လူ​တွေကတိုးတိုးကျိတ်​ကျိတ်​။

လူအများစုက ဒူး​လောက်​ထိရှည်​သည့်​ ခပ်​​နွေး​နွေးကုတ်​အင်္ကျီ​တွေကို အများအပြား ဝတ်​ဆင်​ထားကြသည်​။ ​ပေကျင်းမြို့ Wang Company ရဲ့ မျက်​နှာချင်းဆိုင်​​ရှေ့ ခပ်​လှမ်းလှမ်းမာ ​ကော်​ဖီဆိုင်​ တဆိုင်​​ရှိတယ်​။

ထိုဆိုင်​ရဲ့​ထောင့်​ဆုံးကျသည့်​ စားပွဲမှာ ထိုင်​​နေသည်​က
သူငယ်​ချင်းများ ဖြစ်​ဟန်​တူသည့်​လူငယ်​ ၄​ယောက်​။
အတိကျဆိုရလျှင်​ သူငယ်​ချင်း ၃​​ယောက်​ရယ်​ သူတို့
ထက်​ နှစ်အနည်းငယ်​ကြီးဟန်​တူသည့်​ လူတ​ယောက်​ရယ်​ စုစု​ပေါင်း ၄​ယောက်​။

ထိုလူ ၄​ယောက်​က စားပွဲရဲ့တဖက်​မာ ၂​ယောက်
ကျန်​တဖက်​မှာက ၂​ယောက်​ပုံစံနှင့်​မျက်​နှာချင်းဆိုင်​ထိုင်​​နေကြသည်​။ ထိုအခါ ကျန်​၃ ​ယောက်​ထက်​ အသက်​ကြီးဟန်​တူသည့်​လူက လက်​ထဲကပူ ​နွေး​နွေး ​ကောဖီခွက်​ကို တို့ကနန်း ဆိတ်​ကနန်းမျှသာ ​သောက်​ပီး ​ဘေးက​ကောင်​​လေးကို လှမ်းကြည့်​သည်​။

အဆင့်​သင့်​ဖြစ်​ပီဆိုသည့်​ပုံစံမျိုးတဲ့ ​ခေါင်းညိတ်​ပြ​တော့
ဘေးက​ကောင်​​လေးကလဲ စကား​ပြောရန်​စတင်​​တော့သည်​။

"ကျန့်​​ကော ဒါက ​ဟောက်​ရွမ်း"
"အင်း ရိ​ပေါ်"

ဟောက်​ရွမ်းက နာမည်​နဲ့လိုက်​သလို ​ခေတ်​ဆန်​ဆန်​​နေ ထိုင်​တတ်​သည့်​အလား လူငယ်​​တွေဝတ်​​နေကျ အ​ရောင်​​သွေး
စုံသည့်​ အဝတ်​အစားများ ဝတ်​ဆင်​ထားသည်​။
ကြည့်​ရတာ ကပိုကရို နိုင်​​သော်​လဲ ​လူငယ်​ပီပီ တမျိုးကြည့်​​ကောင်း ​နေသည်​။
ရိ​ပေါ်က ဘယ်​ဘက်​မာ ထိုင်​​နေသည့်
တ​ယောက်​ကို ​ဟောက်​ရွမ်းလို့မိတ်​ဆက်​​ပေပီး ညာဘက်​က
တ​ယောက်​ကိုလဲ မိတ်​ဆက်​​ပေးလာသည်​။

In My Mind( Completed)Where stories live. Discover now