Zawgyi
"ကော ကျွန်တော်လိုက်ခဲ့ပေးရမလား"
"အင်း"
တစ်ယောက်တည်းရှိနေတာထက်စာရင် ဘေးမှာ
ရိပေါ်ရှိနေတယ်ဆိုတဲ့ အသိက သူ့ကိုနွေးထွေးစေတာအမှန်။
ခြံစောင့်ဦးလေးကြီးရဲ့ ဦးဆောင်မူနောက်မှာ လက်တစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လို့ အားတင်းထားဆိုတဲ့ပုံစံနဲ့ ရိပေါ်က
ခေါင်းငြိမ့်ပြတယ်။အင်း..အခုရှောင်ကျန့်စိတ်လူပ်ရှားနေတယ်။
စုံစမ်းပြီးတော့သာ လိုက်လာခဲ့ရတာ ဆေးရုံမှာနေခဲ့တဲ့ အတောတွင်း ဟန်ရဲ့မိသားစုနဲပတ်သက်ပြီး ရှောင်ကျန့်တစ်ခုမှ
မသိရခဲ့။ရိဖန်နဲ့ သေကွဲ ကွဲခဲ့ရတာမို့ ဟန်က သူ့မိသားစု
အပေါ်မှာလဲ အေးစက်စက်ပဲ ဆက်ဆံခဲ့တယ်ထင်တယ်။တစ်ချစ်တစ်ချက် အတွေးလွန်နေတဲ့ ရှောင်ကျန့်ကို တွဲထားတဲ့
လက်ကို ခပ်ဖွဖွဖိလို့ ရိပေါ်က သတိပေးရတယ်။
သူရဲ့ ရှောင်းလူကြီးက သိပ်စိုးရိမ်တတ်တာ...လမ်းတစ်လျှောက်လုံး အတွေးထဲရောက်နေတာမို့ အပြင်က
အနေထားကို သတိမထားမိပေမယ့် အတွင်းပိုင်းအပြင်အဆင်
အရတော့ ဟန်ကမျိုးရိုးကြီးထဲကမှန်း သိသာစေတယ်။
ဒီလိုဆို ဟန်မိသားစုက သူကိုအပြစ်တင်နေလောက်မလား.."ကော.."
အိမ်ထဲရောက်တဲ့အထိ မဖြုတ်သေးဘဲတွဲထားတဲ့ လက်ကိုပဲ
ခပ်ဖွဖွဆုပ်ကိုင်လို့ ရိပေါ်က ထပ်သတိပေးလာပြန်တယ်။
ဒီတစ်ခါက လမ်းလျှောက်ရင်း ရပ်နေမိလို့တော့မဟုတ်ဘူး။
သတ်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က သူတို့ရှေ့မှာ
ရောက်နေတာမို့.."ဘယ်တစ်ယောက်က ရှောင်ကျန့်လဲ"
သူတို့ရောက်လာမယ်ဆိုတာ သူမက သိနေခဲ့ပုံပဲ..
ဒါပေမယ့် သူမက ဟန်ရဲ့အမေတော့ ဖြစ်ပုံမရဘူး။ခြေတစ်ချောင်း ချိတ်ထိုင်လို့ ဘာကိုမှ ဂရူစိုက်ဟန်မပြဘဲ ယုံကြည်မူရှိရှိနဲ့ ခေါင်းမော့ရင်ကော့ထားတဲ့ သူမပုံစံက
ဟန်အတွက်နဲ့ ဝမ်းနည်းနေပုံမရဘူး။
YOU ARE READING
In My Mind( Completed)
Fanfictionထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်... ထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်...