Part(16)

1.7K 115 0
                                    

Zawgyi

"alarm alarm"

မနက်​​စော​စော 6နာရီ alarm တင်​ထားတဲ့
နိုးစက်​​ကြောင့်​ ရိ​ပေါ် အိပ်​ရာထဲက​နေ ဆတ်​ခနဲနိုးလာခဲ့တယ်​။

အရင်​ရက်​​တွေဆို ​နောက်​ကျမှ ထ​လေ့ရှိ​ပေမယ့်
ကျန်းမာ​ရေး မ​ကောင်းတဲ့ ​ကျန့်​​ကောကို ဂရူစိုက်​​ပေးရ​တော့မှာဆို​တော့ သူတက်​ကြွ​နေမှ ဖြစ်​မှာမဟုတ်​လား။

"အာ့.."

အိပ်​ယာ​ပေါ်က ထဖို့ပြင်​လိုက်​စဉ်​ အားယူမိတဲ့ လက်​တစ်​ဖက်​က ညတုန်းက တံခါးကြားမှာ ညပ်​မိတဲ့ ဘယ်​ဘက်​လက်​။
ညိုမဲစွဲ​နေပြီး နဲနဲ​ရောင်​  ​နေတာက လွဲရင်
အဆင်​​ပြေတယ်​ ထင်​ရတာပဲ။

ကြာရင်​ ​ပျောက်​သွားမှာ ဆို​ပေမယ့်​ ကျန့်​​ကောမြင်​ရင်
စိတ်​ပူ​နေ​တော့မှာ ဆိုပြီး ရိ​ပေါ်က ချက်​ချင်း
ဆေးသတ္တာထဲက ပတ်​တီး တစ်​လိပ်​ယူပြီး လက်​ဖျံတစ်​ခု
လုံး​ပေါ်က အညိုမဲ​တွေ အကုန်​လုံးဖုံး​အောင်​ ၃၊၄ ပတ်​​လောက်​ ပတ်​တယ်​။
အင်း...​​ဆေး​တော့ ထည့်​ဖို့ မလို​လောက်​​တော့ပါဘူး..

ရှောက်​ကျန့်​ကို နိုးဖို့ဆိုပြီး ​ရောက်​လာတဲ့ ရိ​ပေါ်က
အခန်းဝမှာတင်​ တွန့်​ဆုတ်​တွန့်​ဆုတ်​ ဖြစ်​​နေရတယ်​။
အခန်းတံခါး ​ခေါက်​ဖို့​တောင်​ သူအဆင်​သင့်​မဖြစ်​​သေးဘူး၊
ညကလို ​အေးစက်​စက်​ အ​ခြေ​နေမ်ျိုးလည်း သူထပ်​မလိုချင်​​တော့ဘူး။
ဟို​တွေး ဒီ​တွေးနဲ့ပဲ ​နောက်​ဆုံး​တော့ရိ​ပေါ်က
အောက်​ထပ်​ကိုပဲ ပြန်​​ရောက်​လာခဲ့တယ်​။

"မင်း နိုး​နေတာလား"

မနက်​စာ စားဖို့​စောင့်​​နေရင်း အ​နောက်​က အသံ​ကြောင့်
လှည့်​ကြည့်​မိ​တော့ ပုံမှန်​ထက်​သပ်​သပ်​ရပ်​ရပ်​ ဝတ်​စားထားတဲ့
ရှောင်​ကျန့်​​ကိုကြည့်​ကာ ရိ​ပေါ်က မျက်​​မှောင်​ကြုတ်​ တယ်​။

ဒီ​နေ့က ရုံးပိတ်​ရက်​​လေ..
ဒါက တ​နေရာရာသွားဖို့ လုပ်​​နေတာမလား ​နေမ​ကောင်းတဲ့သူက​လေ။

"ဘယ်​သွားမလို့လဲ "

"ထပ်​​ပြောပြ ရအုံးမှာလား"

In My Mind( Completed)Where stories live. Discover now