Part(8)

2K 159 0
                                    

Zawgyi

"ကျန်းချန်​ မင်းလိုက်​ခဲ့ချင်​တာ​ ​သေချာရဲ့လား"

"​ရောက်​​တောင်​ ​ရောက်​​နေပီပဲကို ဘာလို​မ​သေချာရမှာလဲ"

"....."

"ဘာလဲ မင်းဟာ​လေး သဝန်​တိုမှာစိုးလို့လား"

"ကျန်းချန်​..."

နောက်​သလိုလို ​ပြောင်​သလိုလို ​ပြော​နေတဲ့ ​ကျန်းချန်​ကို
ရှောင်​ကျန့်​က ထိတယ်​ဆိုရုံ​လောက်​​လေး လက်​​မောင်းကို
ခပ်​ဖွဖွထုတယ်​။

ခြံတံခါးဖွင့်​လိုက်​​တော့ အ​ရှေ့တည့်​တည့်​မှာ တခုခုကို
ဒေါသ ထွက်​​နေပုံရတဲ့ ရိ​ပေါ်က
သူတို့နှစ်​​ယောက်​ကို မျက်​​ထောင့်​နီကြီးနှင့်​ ကြည့်​ကာ
ချာခနဲပြန်​လှည့်​ထွက်​ သွား​လေသည်​။

"​ရှောင်​ကျန့်​ မင်းဟာ​လေး အူတိုသွားပီထင်​တယ်​"

"ကျန်းချန်​..."

မဟုတ်​တာ​တွေမ​ပြောနဲ့ဆိုတဲ့ ပုံစံနဲ့​ရှောင်​ကျန့်​က ကျန်းချန်​ကို
မျက်​​စောင်းလှလှ​လေး ထိုး​တော့ ထိုမြင်​ကွင်းကို

ကြည့်​ကာ အသည်းသန်​​ဒေါသထွက်​​နေတဲ့ ရိ​ပေါ်က
ရှောင်​ကျန့်​​ဘေးက လူကို ဆွဲထိုးပစ်​ချင်​​နေပြီ။

ပထမ မြင်​ကွင်းနဲ့တင်​ လူပ်​စိလူပ်​စိဖြစ်​​နေတဲ့ ရိ​ပေါ်က
သူ့ကိုမျက်​​စောင်းလှလှ​လေး ထိုးဖို့ မ​ပြောနဲ့
မျက်​နှာချင်းဆိုင်​ ဖို့​တောင်​ခက်​ခဲ​နေတဲ့ ကျန့်​​ကောကို
အရမ်းဘက်​လိုက်​တာပဲလို့ ​တွေး​နေ​လေရဲ့။

ပြုံးရွှင်​​နေတဲ့ မျက်​နှာထားနဲ့ မျက်​နှာချင်းဆိုင်​ စကား​ပြောပီး
ဝင်​လာတဲ့ ကျန့်​​ကောနဲ့အဲဒီလူက နှစ်​​ယောက်​တစ်​ကမ္ဘာ
တည်​​နေတာများ သူ့ကို ရှိတယ်​လို့​တောင်
ထင်​ရဲ့လားမသိ။
သိလဲ သိမှာ မဟုတ်​တာ သူက ကွယ်​ရာက​နေပဲ လိုက်​​ချောင်း​နေတာကိုး။

"ကျန်းချန်​ အဲဒီအိတ်​ ငါ့ကို​ပေး"

"ရပါတယ်​ ငါသယ်​နိုင်​ပါတယ်​"

"မဟုတ်​တာ ဒီ​လောက်​ ​လေး​နေတာကို​ပေး..."

ရှောင်​ကျန့်​က ​ပြောလဲ​ပြော ကျန်းချန်​ရဲ့ ဘယ်​ဘက်
လက်​ထဲက အိတ်​ကိုဆွဲယူတယ်​။
နောက်​ဆုံး​တော့ ​ပြောလို့မနိုင်​တဲ့ ကျန်းချန်​ကပဲ အရူံး​ပေးလိုက်​ရတာပဲ။

In My Mind( Completed)Where stories live. Discover now