Zawgyi
ဆောင်းရာသီကုန်စ ပြုနေပေမဲ့ အဲကွန်းဖွင့်ထားတဲ့ အတွက်
ကားထဲမှာ အေးစိမ့်စိမ့်လေးတော့ ဖြစ်နေတယ်။တစ်ငြိမ့်ငြိမ့်နဲ့ သွားနေတဲ့ကားလေးထဲမှာ
အပြင်ဘက်ကိုပဲ ငေးနေတဲ့ ရှောင်ကျန့်ကို ရိပေါ်က
ခဏခဏ ခိုးကြည့်တတ်တယ်။အမှတ်သည်းခြေမရှိတဲ့ရိပေါ်ရဲ့ ရုံးကိုလိုက်ပို့ပေးပါရစေဆိုတဲ့
တောင်းဆိုချက်ကြောင့်
ရှောင်ကျန့်ကလိုက်လာခဲ့ပေမဲ့မမြင်သလို ဥပေက္ခာအပြုခံရတဲ့အခါ ရိပေါ်က နဲနဲတော့ နောင်တရချင်လာတယ်။"ရှေ့နားကျ ရပ်ပေးတော့"
"အင်း.."
မေးခွန်းလဲ မေးခွင့်မရှိသလို အဖြေဆိုတာလဲ
ဘာမှန်းမသိရတဲ့ သူ့အတွက် ဥပေက္ခာ တွေကပဲ
အဖော် ဖြစ်နေပီထင်တယ်။"ကျန့်ကော.."
ခေါ်သံက တိုးတိုးလေးဆိုပေမဲ့ အရမ်းမကွာတဲ့အနေထားမှာ
သူ့ကျန့်ကောက တော့ ကြားလောက်မှာပါ။"ညနေကျ ကျွန်တော်လာကြိုမယ်"
တိတ်ဆိတ်ခြင်း ဝန်ခံခြင်းတဲ့။
ဥပေက္ခာ အပြုခံရပေမဲ့ ဘေးနားမှာ အဲဒီလူ ရှိနေတဲ့အသိက
အလွမ်းဒဏ်ကိုတော့ ခဏလောက်တားဆီးပေးနိုင်မှာပါ။တရွေ့ရွေ့ ထွက်ခွာသွားတဲ့ အဖြူရောင်၊ ကားလေးကိုကြည့်ပီး
ရှောင်ကျန့် သက်ပြင်းချတယ်။လူနဲနဲရူပ်တဲ့ ပလက်ဖောင်းပေါ်ကနေ မိနစ်၃၀လောက်
လမ်းလျှောက်လာရင်း လမ်းချိုးတခုထဲ
နှစ်ထပ်လောက်ရှိတဲ့ အဆောက်အဦး ကိုကြည့်ရင်း
ရှောင်ကျန့်က ဒီနေ့အတွက် နှစ်ကြိမ်မြောက် သက်ပြင်းကိုချတယ် ။အင်း..ဒီတခါလဲ သူနောက်ကျပြန်ပီ ။
အပေါ်ထပ်ရဲ့ ဓာတ်လှေကားရှေ့ခပ်လှမ်းလှမ်းက
အရောင်ဖျော့ဖျော့ အခန်းလေးထဲမှာ ဒေါက်တာကျိုးဆိုသူရဲ့
မျက်ခုံးခပ်ထူထူနှစ်ဖက်က
အနည်းငယ်တွန့်ချိုးနေသယောင်။
YOU ARE READING
In My Mind( Completed)
Fanfictionထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်... ထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်...