Part (13)

1.7K 136 0
                                    

Zawgyi

"ရိ​ပေါ်.."

"ဟင်​..​ကော"

"ငါ​ပြောတာ​ရော ကြားရဲ့လား.."

"​ကော ဘာ​ပြောလိုက်​တာလဲ"

အသိစိတ်​​တွေ လွတ်​​နေတဲ့ရိ​ပေါ်ကို ကြည့်​ရင်း
ရှီးချန်​​ကောက ရိ​ပေါ်​ရှေ့ စာရွက်​တစ်​ချို့ ချ​ပေးလာတယ်​။
ပီး​တော့လဲ "စိတ်​နဲ့လူနဲ့ ကပ်​အုံး"တဲ့..

ကောက်​ကိုင်​မိတဲ့ စာရွက်​ထဲက အ​ကြောင်းအရာ​တွေကိုလဲ
သူတကယ်​နားမလည်​။တကယ်​ကို သူစိတ်​နဲ့လူနဲ့ မကပ်​​တော့ဘူးဘဲ။

"ရပီ မကြည့်​နဲ့​တော့ ​နောက်​မှပဲ ဖုန်းဆက်​​ပြောပြ​တော့မယ်​"

စိတ်​မရှည်​တဲ့ပုံနဲ့ ​ပြော​နေတယ့်​ ရှီးချန်​​ကောရဲ့ ဆူ​ငေါက်
သံ​တွေလဲ သူမကြားတစ်​ချက်​ ကြားတစ်​ချက်​။

ဂျပန်​သွားဖို့ကို​တောင်​ သူပြန်​စဉ်းစားချင်​​နေပြီ။

"ရိ​ပေါ်"

"​ဟောက်​ရွမ်း.. မင်းကဘာလာလုပ်​တာလဲ"

ဟောက်​ရွမ်း က ရိ​ပေါ်အ​မေးကို ပြန်​မ​ဖြေဘဲ အ​နောက်​ကို
မေးဆတ်​ပြတယ်​။
ခပ်​ကုတ်​ကုတ်​ နဲ့လိုက်​လာတဲ့ ကျိရန်​​ကောက
မျက်​​စောင်းတခဲခဲ နဲ့​ဟောက်​ရွမ်းကိုပဲ ကြည့်​​နေတုန်း။

"ကျိရန်​​ကော ဘာဖြစ်​လို့လဲ"

ဆောင့်​​အောင့်​ပီး သွားထိုင်​​နေတဲ့ ​ဟောက်​ရွမ်း ​ကြောင့်
ကျိရန်​​ကောဖက်​ကို လှည့်​​မေးရတယ်​။

"ငါ့ကို ​ဆေးခန်းလိုက်​မပို့ဘူး"

ရှုံမဲ့မဲ့ဖြစ်​​နေတဲ့ ကျိရန်​​ကောက ဗိုက်​ကိုလဲ
တဖွဖွ ပွတ်​​နေပြန်​တယ်​။ ဒီတစ်​​ခေါက်​လဲ ကျိရန်​​ကော
ဘာ​တွေ​မွှေထားပြန်​ပီလဲ မသိဘူး။

"ငါက ​ရေခဲမုန့်​​လေး ၃၊၄ ခွက်​ပဲစားမိတာကို
အခု ဗိုက်​နာ​နေလို့ ​ဆေးခန်းလိုက်​ပို့ခိုင်းတာ ငါ့ကိုပဲဆူ​နေတယ်​"

"​ကောက က​လေးလား အဲ​လောက်​အများကြီးစားရ​အောင်​"

တစ်​ဖက်​က ​ဟောက်​ရွမ်းရဲ့အသံက ​ဒေါသထွက်​​နေ​ပေမယ့်
စိုးရိမ်​တာလဲပါ​နေတယ်​လို့ ရိ​ပေါ်ထင်​တယ်​။
အင်း..အကြည့်​​တွေက သက်​​သေပဲ​လေ။

In My Mind( Completed)Where stories live. Discover now