Zawgyi
မခေါ်ဘဲနဲ့ လိုက်လာမိတဲ့အကျိုးဆက်က နာကျင်မူတွေ
တပွေ့တပိုက်နှင့် အရေးမပါတဲ့အပိုလူ တစ်ယောက်သာသာ
ဖြစ်ခဲ့ရုံပဲ။ကျန်းချန်ရဲ့ ရွဲ့သလို စောင်းသလို စကားတွေကြားမှာ ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သွားနေတယ်ဆိုတာ ဟိုတယ်
တစ်ခုရှေ့ ရောက်မှ ရိပေါ်သိခဲ့ရတယ်။
ဘယ်နှစ်ထပ်မှန်း မသိတဲ့ အထပ်ကိုရောက်တော့ ထုံးစံအတိုင်း ကျန်းချန်ရဲ့ ဦးဆောင်မူနောက်မှာ သူကအပိုလူအဖြစ်သာ။ဟိုတယ်က အခန်းတစ်ခန်းဆိုပေမယ့် ရောက်နေတဲ့ လူအရေတွက်နဲ့ ပြင်ဆင်ထားတဲ့အနေထားအရ ပါတီပွဲတစ်ခုလိုမျိုး။
"ကော ဒီနားမှာပဲထိုင်ရအောင်"
မချင့်မရဲနဲ့ လက်မောင်းကိုလှမ်းဆွဲတဲ့အခါ ရှောင်ကျန့်က
ဘေးပတ်ပတ်လည်ကို ဝေ့ဝဲကြည့်တယ်။
စီထားတဲ့ စားပွဲဝိုင်းလိုလိုမှာ လူတွေနဲ့ပြည့်နေတဲ့အခါ
ရှောင်ကျန့်က စိတ်ရူပ်ချင်လာတယ်..
သူမှ မတက်ချင်ခဲ့တာ..."အင်း"
လက်ခံလိုက်သလို ခေါင်းညိမ့်ပြလိုက်ပေမယ့် ဆွဲထားတဲ့
ရိပေါ်လက်ကိုလည်း ဖြုတ်ချပစ်ဖို့ကို မမေ့ခဲ့။
ဒီကောင်လေးက သူ့ကိုဆို အတင့်ရဲလွန်းတယ်.."ဟေး..ကျန့်"
ဝိုင်တစ်ခွက်ကို လူပ်ရမ်းကာ ၃ယောက်ထဲမှာမှ ရှောင်ကျန့်တစ်ယောက်တည်းကိုပဲ ကွက်ပြီး နူတ်ဆက်လာတဲ့
ထိုလူကို ရိပေါ်သဘောမကျပါ။
ကျန်းချန်ကိုလဲ နူတ်ဆက်လို့ရတာပဲ မဟုတ်လား.."ဟိုဘက်ဝိုင်းကို လာလေ ကျန့် အဲမှာလူပိုစုံတယ်
မင်ယွီတို့လည်း ရှိတယ်""ရတယ် ဒီမှာလဲအဆင်ပြေတယ်"
"လာပါဆို ကျန့်ကလဲ"
ထိုလူက ပြောလဲပြော စားပွဲပေါ်မှာ တင်ထားတဲ့
ရှောင်ကျန့်လက်ကို လှမ်းဆွဲပေမယ့် ရတယ် အဆင်ပြေတယ်
ဆိုပြီး ရှောင်ကျန့်က အတင်းငြင်းပြန်တယ်။
ဒီအခြေနေကြီးကို သူသဘောမကျပါ..
ဒီလူက အရင်ကအတိုင်း နဲနဲမှ မပြောင်းလဲ..
YOU ARE READING
In My Mind( Completed)
Fanfictionထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်... ထားခဲ့ဖို့ကို ခဏခဏမတွေးပါနဲ့လားကောရယ်...