Part(26)

2K 97 2
                                    

Zawgyi

"ရိ​ပေါ် သားဘာမှမစားရ​သေးဘူး​လေ
နဲနဲ​တော့စားလိုက်​​နော်
မဟုတ်​ရင်​ အားကျန့်​​လေးက စိတ်​မ​ကောင်းဖြစ်​​နေမှာ"

"ဟုတ်​တယ်​​ပေါ်​ပေါ် နင်​ဒီလို​တွေလုပ်​​နေရင်
ရှောင်​ကျန့်​​ကောက စိတ်​ဆိုး​နေ​တော့မှာ"

ဒါဒီရက်​ပိုင်း​တွေမှာ ရိ​ပေါ်ပုံမှန်​ကြား​နေကျ စကား​တွေ...
ပါးပါးက ​ပေကျင်းမှာအလုပ်​ကိစ္စ​တွေနဲ့ မလာနိုင်​​ပေမယ့်
မားမားနှင့်​အန်​နာက​တော့
တရက်​တခါ​ရောက်​လာတတ်​ပြီး
ပိန်းချူံးကျ​နေတဲ့ ရိ​ပေါ်ကိုကြည့်​ကာ အစားစားဖို့ကို
ရှောင်​ကျန့်​နဲ့အကျပ်​ကိုင်​ပြီး ခြိမ်း​ခြောက်​တတ်​တယ်​။

ဒီလို​တွေ​ပြောပြီး ခြိမ်း​ခြောက်​ရ​အောင်​ သူက အရူးမှမဟုတ်​ဘဲ။
ရှောင်​ကျန့်​​ဘေးမှာ စက္ကန့်​မလပ်​ ထိုင်​​နေတဲ့သူက
ရှောင်​ကျန့်​ နိုး၊မနိုးဆိုတာ သူက မသိဘဲ​နေပါ့မလား။
သူထွက်​သွားမှ ​ရှောင်​ကျန့်​နိုးလာလို့ ​ဘေးမှာဘယ်​သူမှ မရှိရင်
ဘယ်​လိုလုပ်​မလဲ။

နှလုံးအစားထိုးကုသထားတဲ့ ​နေကတည်းက​နေ ဒီ​နေနဲ့ဆို
ရှောင်​ကျန့်​အိပ်​​နေတာ ၅ရက်​ရှိပြီ။
ခွဲစိတ်​ထားတာ ​အောင်​မြင်​တယ်​ဆို​ပေမယ့်​ သတိပြန်​လည်​လာဖို့က အချိန်​ခဏ​တော့ကြာအုံးမှာတဲ့။

၅ရက်​မ​ပြောနဲ့ ၅မိနစ်​​တောင်​ ရိ​ပေါ်က​တော့ မ​စောင့်​နိုင်​​တော့ဘူး။ကုန်​သွားတဲ့ ၅ရက်​ဆိုတဲ့အချိန်​က ​တော်​​တော်​​လေးကို
ကြာလွန်း​နေပြီ မဟုတ်​လား။
ဒီထက်​ပိုပြီး ထပ်​​စောင့်​ရရင်​ သူရူးသွားမယ်​ထင်​တယ်​။
ဝမ်​ရိ​ပေါ်ဆိုတာ တစ်​စုံတစ်​​ယောက်​​အ​ပေါ်မှာ အ​ကြွေးတင်​​နေတာမျိုးမဖြစ်​ချင်​ဘူး။

မလုပ်​သင့်​မှန်းသိ​ပေမယ့်​ အန်​နာ​ကြောင့်​​ရှောင်​ကျန့်​က သူ့ကို
ရှောင်​​နေတယ်​ဆိုတာ ကျန်းချန်​ဆီက​နေ သိရကတည်းက
ရိ​ပေါ်က အန်​နာနဲ့ပတ်​သက်​တဲ့ အဆက်​သွယ်​မှန်​သမျှကိုလဲ
ဖြတ်​ပစ်​ခဲ့တယ်​။

နောက်​တစ်​​ခေါက်​လဲ ထပ်​​ပေါ်မလာဖို့​ပြောရင်း တခါတ​လေ
မားမားနှင့်​အန်​နာကို အတူတွဲပြီးမြင်​လိုက်​ရင်​ သူ့မားမားကို
တောင်​ ရိ​ပေါ်က မ​ခေါ်​တော့တဲ့အထိပဲ။
ဒီ​လောက်​ဆိုရင်​ အဲဒီလူက နိုးလာ​ပေးသင့်​​နေပြီ မဟုတ်​လား...

In My Mind( Completed)Where stories live. Discover now