Part(15)

1.8K 132 0
                                    

Zawgyi

"​ဟောက်​ရွမ်း "

လေဆိပ်​​ရောက်​ ​ရောက်​ချင်း လက်​ပတ်​နာရီကို တကြည့်​ကြည့်​နဲ့​ စောင့်​​နေ့တယ့်​ ​ဟောက်​ရွမ်းကို
ရိ​ပေါ်က လက်​လှမ်းပြတယ်​။
ဟောက်​ရွမ်း ကိုလာမကြိုခိုင်းလဲ ရ​ပေမယ့်​ သူအတည်​ပြုရမယ့်​ ကိစ္စရှိ​သေးတာမို့ ဖုန်းကြိုဆက်​ခဲ့ရတာ။

"မင်း​ပြောတဲ့ ​ဆေးနာမည်​နဲ့ ငါ့အသိဆရာဝန်​ တစ်​​ယောက်​ဆီမှာ စုံစမ်းခဲ့တယ်​"

"အဲဒါက ​သေချာလား"

ဟောက်​ရွမ်းကူညီ​ပေးရင်​ ​သေချာမယ်​ဆိုတာ ရိ​ပေါ်သိတယ်​။
ဒါ​ပေမယ့်​ ဟင့်​အင်းဆိုပြီး ​မျော်​လင့်​ချက်​  အသံကိုလည်း
သူကြာချင်​​သေးတယ်​။

"အဲဒါက နှလုံး​ရောဂါ ​အတွက်​​သောက်တဲ့​​ဆေး​တွေပဲ
သေချာတယ်​"

"ငါသိပြီ..​ကျေးဇူးပဲ​ဟောက်​ရွမ်း"

"ဒါဆို ​ရှောင်​ကျန့်​​ကောမှာက.."

"ငါကိုယ်​တိုင်​ ​ကောဆီမှာ ထပ်​အတည်​ပြုချင်​​သေးတယ်​..."

ဆက်​မ​ပြော​စေချင်​တဲ့ အမူရာမှန်း သိတာ​ကြောင့်
ဟောက်​ရွမ်း လဲစကားမဆက်​ဖြစ်​​တော့။
အံသြ​နေတဲ့ ရိ​ပေါ်က ဝုန်းခနဲ ဒိုင်းကနဲဆိုပြီး ​ပေါက်​ကွဲလိုက်​တာမျိုး မဖြစ်​ဘူး။

ဘေးလူ​တွေအမြင်​မှာ တည်​ငြိမ်​​နေ​ပေမယ့်
အငြိမ်​မ​နေတဲ့ မျက်​လုံး​တွေကပဲ ရိ​ပေါ်စိတ်​လူပ်​ရှား​နေတာ သိသာ​စေတယ်​။
ကားထဲ​ရောက်​တဲ့ အထိ ရိ​ပေါ်က တခုခုမှာစိတ်​နှစ်​​နေသလိုမ်ျိုး ​ဟောက်​ရွမ်း ကိုစကားတခွန်းမှ မ​ဟ​သေး။

"ငါ ​ရှောင်​ကျန့်​​ကောဆီပဲ ​မောင်းလိုက်​မယ်​"

သက်​သာလို သက်​သာငြားဆိုပြီး ​ဟောက်​ရွမ်းက
စကားစ​ပေမယ့်​ ရိ​ပေါ်က​တော့ တုတ်​တုတ်​မှမလူပ်​။



"ရိ​ပေါ် ​ရောက်​ပြီ"

"​ဟောက်​ရွမ်း ဒီရက်​ပိုင်းအတွင်း အလုပ်​ကိစ္စ​တွေကို ပါးပါးဆီခဏလွဲထားဖို့ ရှီးချန်​​ကောကို ​ပြော​ပေးပါ"

In My Mind( Completed)Where stories live. Discover now