1.2K 175 7
Zawgyi
Bai Jian Yu - ဘိုင်ကျန်းရု
Bai Xiu Ying - ဘိုင်ရှုရင်
Old Master Shen - လူအိုကြီး ရှန်
နာမည်တွေကို အဆင်ပြေအောင်လို့
မြန်မာလိုဘဲ ရေးလိုက်တယ်နော်
တစ်စုံတစ်ရာ မှားသွားတာရှိရင် တောင်းပန်ပါတယ်
..........................................................
"Xiao Chen အဆင်ပြေရဲ့လား"
မိန်းမဆန်တဲ့ အသံလေးကြားလိုက်ရတာနဲ့
Zhan Chen ကိုယ်ကို တစ်စုံတစ်ယောက်က
နွေးထွေးစွာနဲ့ တင်းတင်းကျပ်ကျပ် ဖက်လိုက်တာကို
ခံစားလိုက်ရတယ်... သူကတော့ ကြောင်အစွာနဲ့
ရပ်နေရင်းနဲ့ဘဲ သူ့ကိုလာဖက်တဲ့သူကို ကြည့်
လိုက်မိတယ်
(ဒီလှပတဲ့သူက ယောက်ျားလား မိန်းမလားဟ )
အဲ့လူကတော့ သူကို ဟိုစမ်းဒီစမ်းနဲ့လုပ်နေတယ်..
နောက်တော့ Xhan Chen က သူ့အာရုံကို
ပြန်ထိန်းချုပ်လိုက်ပြီး ဒီလှပတဲ့သူဆီကနေ
အဝေးကို နည်းနည်းဆုတ်လိုက်တယ်
သူက ရှုပ်ထွေးပြီး ကြောက်ရွံစွာနဲ့ဘဲ
"ဒီမှာ ဘာလုပ်နေတာလဲ ခင်ဗျ"
လှပတဲ့သူက သူ့ကို ရှုပ်ထွေးစွာနဲ့စိုက်
ကြည့်လိုက်ပြီးတော့
"Xiao Chen အမေလေ... မင်းရဲ့ အမေတောင်
မသိတော့ဘူးလား"
"အမေ.. ဒါပေမယ့် ကျွန်တော့်မှာ အမေမှ
မရှိတာ..." Zhan Chen ရှုပ်ထွေးစွာနဲ့
ပြောလိုက်တယ်... သူကတကယ်တော့
မိဘမဲ့တစ်ယောက်လေ...အဲ့တော့
ဒီလူက သူ့အမေဖြစ်စရာ အကြောင်းမှမရှိတာ
ဒါဆိုရင် ဒီလူက မိန်းမပေါ့.. ဟုတ်တာပေါ့
အဲ့တာကြောင့် သူက အရမ်းလှနေတာကို...
ဒါပေမယ့်လည်း မိန်းမတစ်ယောက်အတွက်ဆို
သူ့ ရင်ဘတ်က အရမ်းမပြားလွန်းဘူးလားဟ..
မိန်းမက ငိုရှိုက်လိုက်ပြီး သူမရဲ့မျက်လုံးတွေက
စိုးရိမ်တကြီးနဲ့ကြည့်လာတယ်။ "လူအိုကြီး ရှန်က
မင်းအဆင်ပြေတယ်လို့ပြောပေမယ့် ... "
မျက်ရည်တွေရုတ်တရက် သူမရဲ့မျက်လုံးတွေ
မှာ့ပြည့်လာတယ် "သားလေး၊ သားလေး ..
အိုဘုရားသခင် ဘုရားသခင် ... ခင်ဗျားက
ဒီအပြစ်မဲ့ကလေးကိုဘာကြောင့် ရက်စက်
ကြမ်းကြုတ်ရတာလဲ။ Xiao Chen" လို့သူမက
ရင်ဖွင့်လိုက်ပြီး ဖက်လိုက်တယ်၊ "Xiao Chen,
အမေကလေ မင်းရဲ့ယာယီမေ့ပျောက်တာကို
အကောင်းဆုံးကုသပေးနိုင်တဲ့ သမားတော်ကို
ရှာပေးပါ့မယ်လို့ကတိပေးပါတယ် ... "
Transmigration: Save My Chastity!( မြန်မာဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon