ကြီးမားပြီး ဆိုးတဲ့ ဝံပုလွေကြီးက တကယ်တော့ မဆိုးဘူးလား

737 122 7
                                    

Zawgyi

အပိုင်း ( ၉ ) ကြီးမားပြီး ဆိုးတဲ့ ဝံပုလွေကြီးက တကယ်တော့
မဆိုးဘူးလား

Zhan Chen က မင်းကြီးနဲ့ ၂ယောက်တည်း
ရှိနေရတဲ့ အတွက် ချွေးတွေ ထွက်ပြီး
အေးစက်နေပါတယ်။ သူက မင်းကြီးကို
ခိုး ကြည့်လိုက်ပြီးတော့ ကြောက်ရွံစွာနဲ့
စောင်ကို ဆုတ်ကိုင်ထားပါတယ်...

မင်းကြီးက Zhan Chen ကို မြင်လိုက်ထဲက
စိုက်ကြည့်နေမိပြီး တိတ်ဆိတ်နေပါတယ်..
ဒါကတော့ ကောလေးကို အလွန်ကြောက်ရွံ့
စေပါတယ်...

( သူ ဘာလိုချင်တာလဲ..ဘာလို့ သူငါ့ကို
အဲ့လိုစိုက်ကြည့်နေတာလဲ)
Zhan Chen တွေးနေရင်းနဲ့ မရည်ရွယ်ဘဲ
အိပ်ရာ ခေါင်းရင်းနားကပ်သွားမိတယ်

ဒါပေမယ့်လည်း ဒီ Xian နိုင်ငံတော်ရဲ့
မြင့်မြတ်တဲ့ မင်းကြီးကလည်း သူ့နားကို
ကပ်လာပြီး ကုတင်ထောင့်နားမှာ
လာထိုင်လိုက်တယ်... Zhan Chen ကလည်း
နောက်ဆုတ်စရာ နေရာမရှိတော့တဲ့အတွက်
မင်းကြီးကို ကြောက်လန့်စွာနဲ့ဘဲ
ခေါ်လိုက်ရတော့တယ်...

"မင်းကြီး"

မင်းကြီး Xian Long Wei ဟာ ဒီကောလေးရဲ့
ကြောက်ရွံ့ တုန်လှုပ်နေတဲ့ အသံကို
ကြားလိုက်ပါတယ်... သူက ညင်သာတဲ့
သီချင်းလေးလို ချိုသာတဲ့ အသံကို
သဘောကျပေမယ့်လည်း ဒီလို တုန်လှုပ်
နေတာကိုတော့ သဘောမကျပါဘူး...
Long Wei က သူတတ်နိုင်သလောက်
တော့ ပြုံးပြလိုက်ပါတယ်.. သူပြုံးလိုက်တာက
သူ့ မျက်နှာ ရွဲ့သလို ဖြစ်သွားပေမယ့်လည်း
အတတ်နိုင်ဆုံးတော့ ပြုံးလိုက်ပါတယ်...
စစ်သူကြီးတို့ စုံတွဲနဲ့ အကြီးပိုင်းတွေကိုတောင်
သူ့ရဲ့ ကျောက်တုံးလို မျက်နှာပုံစံနဲ့
ဆက်ဆံပေမယ့်လည်း ဒီကောလေးကိုတော့
မကြောက်အောင် ပြုံးပြရမယ်လေ....

သူက စိတ်တိုခြင်းမရှိဘဲ ဘာမှ မရှိတဲ့
အမူအရာနဲ့ဘဲ နေလိုက်တယ်လေ..

ဒါပါဘဲ..

"Chen Chen" မင်းကြီး တိုးတိုးလေး
ခေါ်လိုက်တယ်။
"ငါတို့ ၂ယောက်တည်းရှိနေချိန်
ဒါမှမဟုတ် မင်း မိသားစုနဲ့ ရှိနေချိန်မှာ ငါ့ရဲ့
ရာထူးကို ခေါ်နေစရာ မလိုပါဘူး"
မင်းကြီးက ကောလေး ကြောက်လန့်တာ
ပျောက်စေဖို့ အတွက် ပြုံးပြလိုက်တယ်..
"င့ါကို ဒီအတိုင်း အကိုကြီး Wei လို့ဘဲ
ခေါ်လိုက်ပါ"

Transmigration: Save My Chastity!( မြန်မာဘာသာပြန်)Where stories live. Discover now